4.3(U)

1.2K 183 8
                                        



ချန်လီကောက လှေကားပေါ််််် သို့ ဖြည်းညင်းစွာ တက်နေခဲ့သည်။ ထို့နောက် ဓာတ်လှေကားမှ ဆင်းလာပြီး အခန်းတံခါးဖွင့်ရန်် သော့ထုတ်လိုက်ရာ ရုတ်တရက် လျိုရှားရှား၏ အသံက နားထဲ ကျယ််လောင်စွာ ဝင်လာခဲ့သည်။ "စွန်းချင်ချင် နင်အခု ဘယ်သူ့ကားပေါ်် က ဆင်းလာတာလဲ???"

ချန်လီကောက သူမအား ချည့်နဲ့နဲ့ပြုံးပြလျက် "ရှားရှား နင် ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ?"

"နင်အရင် ရှင်းပြစမ်းပါ"

ချန်လီကောက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ငိုကြွေးလာကာ "ရှားရှား"

လျိုရှားရှားက သူ့ကိုအကဲခတ်ကာ "လာအထဲဝင်ပြီး ပြောရအောင်"

ထို့နောက် အိမ်ထဲ၌ ချန်လီကောက ရှဲ့အန်းဟဲ၏ အကြောင်းများအား မျက်ရည်များစိုရွှဲလျက် စတင်တိုင်တေ့သည်။ ရှဲ့အန်းဟဲက သူ့အား မိန်းမပုံစံဝတ်ထားသော ဓာတ်ပုံများနှင့် ခြိမ်းခြောက်ကာ သူ့အား အဖော်််််ပြု ထမင််းစားခိုင်းကြောင်း၊ ထိုနေရာ၌ သူနဲ့ တစ်ပုံစံတည်းတူသည့်သူပါ ရောက်နေကြောင်းပါ ငိုပြောလာခဲ့သည်။ 

ဆောရီးပါ ရှဲ့အန်းဟဲရေ ငါသာ မင်းနဲ့ ထမင်းစားဖို့ သဘောတူလို့သွားတာသာ လျိုရှားရှားသိသွားရင် သူကငါ့ကို အရင်သတ်မှာ ငါ့အတွက် ဒါလေးတော့ အနစ်နာခံပေးနော်။ 

သူမက ချန်လီကောပြောသံကို ကြားသည်နှင့် "ချင်ချင်"

ချန်လီကောက သူ့မျက်ရည်တွေကို သုတ်လျက် ထူးလာခဲ့သည်။

သူမက "အဲဒီလူက နင်နဲ့ တကယ်ကြီးတူတာလား? ဒီနှာဘူး ရှဲ့အန်းဟဲကတော့ကွာ တောက်"

ချန်လီကောက သူပြောတာကို သူမ ယုံကြည်သွားမှန်း သိလိုက်သည်နှင့် ထိုလူက ရှဲ့အန်းဟဲအား အော််ခဲ့ သည့် စကားလုံးများကိုပါ ဆက်ပြောလိုက်လေရာ သူမက ဒေါသတကြီး ထအော််််လေတော့သည်။ "လူယုတ်မာကောင်"

"အင်း ဟုတ်တယ် လူယုတ်မာကြီး" ချန်လီကောက လောင်စာထပ်ထည့်ပေးလာသည်။

လျိုရှားရှားက "သူက အရင်တုန်းကလို လုပ်ပြန်ပြီ။ ဒီလိုလူစားလို့ ငါမထင်ထားဘူး။ တကယ့်ကို ကြောင်သူတော်််ပဲ"

Perfect Destiny Arc9 မြန်မာဘာသာပြန်Место, где живут истории. Откройте их для себя