သူ့ရန်ကုန်ပြန်ရောက်နေတာ နစ်လလောက်ရှိနေပေမဲ့ အခုထိ ဘာလုပ်လိုလုပ်ရမှန်းမသိသေးပေ။ သူ့ငယ်ချင်း ကွန်ပြူတာဆိုင်မှလဲ သူ့၀င်လေ့လာနေလေသည်။ သူအသက်မငယ်တော့ပေ အသက်က 23နှစ်ရှိပြီးမို့ ဒီအတိုင်းနေလိုမရပေ။ ဝိုင်းရှိမှပဲ သွားဆိုတက်သည်။
" သား ဟင်းမကောင်းလိုလား ?"
ညစားကို သားအဖနစ်ယောက်သား စားကျရင် ဟန်စစ်သွေးက ထယ်ယောင်းကို စကား စမြည်သည်။။
" ကောင်းပါတယ် "
ယောင်္ကျားသားနစ်ယောက်ရဲ့အိမ်မို့ ဘာမှ ထွေထွေးထူးထူးသိပ်မရှိပေ။ ဟင်းတစ်မျိုးလောက်ဆို သူ့တို့သားအဖအတွက်က ရချေသည်။
" အဖေနဲ့အတူ ရှယ်ယာကစားမလား "
အဖေက သူ့ကို ဒီပညာေတွကို သင်ပေးချင်နေတာသိသည်။ ဒါပေမဲ့ သူ့စိတ်မပါပေ သူဝါသနာကို မပါပါ။ Eမေဂျာနဲ့ ကျောင်းပြီးထားတယ်ဆိုပေမဲ့လည်း သူလုပ်ချင်တယ် ညာလုပ်ချင်လိုတော့ မရှိချေ။
" သားအတွက် အဖေသိပ်စိတ်မပူပါနဲ့ သားဘ၀အတွက် သားကိုယ်တိုင်ပဲ သေချာရွေးချယ်မှ "
" အေးလေ သားလမ်းကြောင်းမမှားအောင်တော့ အဖေက နောက်ကနေ ကြည့်ပေးရမှပဲ"
ထယ်ယောင်းပြုံးကာ အဖေကိုကြည့်လိုက်ရင်
" ဟုတ် ..!"
" ဪ ဒါနဲ့ အဖေ သားအတွက်ကောင်မလေးတစ်ယောက်ကိုတွေ့ထားတယ် "
" ဟင့် ..!"
ခေါင်းငုံ့စားနေတဲ့ ထယ်ယောင်းခေါင်းလေးမော့လာရင် ထူးဆန်းသလိုနဲ့ ဟန်စစ်သွေးကို ကြည့်သည်။
" သားနဲ့အဆင်ပြေမှပါ တွေ့ကြည့် အဖေမိတ်ဆွေရဲ့ သမီး "
" ဟုတ် ..!"
အဖေက တွေ့ဆိုရင် သူ့သွားတွေ့ရမှပါ။ နောက်မှ ကြိုက်ချင်မကြိုက်ချင်ကို အဖေဆီကိုအကြောင်းပြန်ရမှ။
" အင်း အဖေလဲ တော်ပြီးအခန်းထဲ ၀င်တော့မယ် "
" ဟုတ် ..!"
ဟန်စစ်သွေး ထသွားတော့ ထယ်ယောင်းသက်ပြင်းတစ်ချက်ကို ချလိုက်လေသည်။ သေချာတာကတော့ သူ့ငြင်းမှပဲ ။ သူ့နှလုံးသားမှ တစ်စုံတစ်ယောက်က ကိန်းအောင်းနေပြီးသားဖြစ်တာမို့ ။
ВЫ ЧИТАЕТЕ
နယ်မြေသစ်များစွာ (Complete)
Фанфикအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ