"အမလေး ဘာလိုဟိုတယ်မှ သွားတည်းမှတုန်း "
မောင်အိမ်ကိုရောက်သည်နှင့် ေမာင်ရဲ့အမ မငယ်က ဆီးကြိုကာေပြာလေသည်။ မောင်က သူဆိုင်ကယ်တိုက်တာကနေ အစအဆုံး မောင်ရဲ့မငယ်ကိုပြောပြလေသည်။ လိုက်သာလိုက်လာရတာ မောင်တို့အတွက်စိတ်အနှောင်အယှက်ဖြစ်မှတော့ဆိုးသည်။ ပြီးတော့ မောင်က သူ့အပေါ်မှ ရိုးသားစွာနဲ့ဆက်ဆံတယ်ဆိုပေမဲ့ သူ့ဘက်က ဘယ်တုန်းကမှ မရိုးသားခဲ့တော့ မောင်ကိုတွေ့တိုင်း သူအတွက်အဆင်မပြေကဖြစ်ေသးသည်။ ဒီအတိုင်းကြည့်နေရတာတောင် မတင်းတိမ်းနိင်တာ ဒီလိုအနီးကပ်နေရမှဆို သူ့ကိုနောက်ဆုတ်ဖို့ဆိုတာ မဖြစ်နိင်တဲ့ထိပဲ ။
မငယ်သာ သူ့ကို ရေပတ်မ၀င်အောင် စကားတွေ ပြောနေပေမဲ့ မောင်နဲ့ မောင့်မကြီးကတော့ မငယ်ပြောသမျှနားေထာင်ပြီး ကြည့်နေလေသည်။ မကြီးက အနေအေးသည် စကားများတာလဲ မကြိုက်သလို လူတွေနဲ့ အရောတ၀င်လဲ မနေတက်ပေ။ အခုလဲ ကြည့် သူလာတာကို အသိအမှတ်ပြုယုံခေါင်းငြိမ့်ပြပြီး မီးဖိုချောင်ထဲ ၀င်သွားတာ
" ကျွန်တော်အားနာလိုပါ?"
ထယ်ယောင်း ပုံမှန်အတိုင်းပဲ စကားကိုအေးဆေးပြောကာ ပြန်ဖြေလေသည်။ မောင်ကတော့ ဒီအတိုင်းလေးပဲ ရပ်နေလေသည်။
" အမလေး အားနာစရာလား သူစိမ်းလိုကျလို "
မငယ်ရဲ့ လွှတ်ခနဲ့စကားတစ်ခွန်းကြောင့် မျက်နှာပျတ်သွားရသူမှ ဂျီမင်ပင်။ သူစိမ်းမဟုတ်လို ဘာလဲ ? မငယ်က မသိပဲ ရမ်းပြောနေတယ်။
ယောင်းညိုက သိနေသည်အလား မောင်မျက်နှာလေးကို လှမ်းကြည့်သည်။ ဖြူဖွေးနေတဲ့ သူရဲ့ နှာရွက်ဖျားတွေ နှာခေါင်းထိပ်ဖျားက နီရဲနေလေသည် ။ မောင် ရှက်သွားတာပဲ ?
" မငယ်ကလဲ သူစိမ်းပဲဟာကို ဘာကိုသူစိမ်းမဟုတ်ဘူးလဲ ?"
ဂျီမင်တစ်ယောက် ခပ်မြန်မြန်ပင် ပြန်ချေပလိုက်သည်။ သူ့နဲ့ ယောင်းညိုအခြေအနေက ဘယ်လိုလဲ မသိပဲနဲ့ မငယ်သိကြည့်ပါလား အခုယောင်းညိုကို အိမ်ပေါ်က ဆင်းခိုင်းမှ ...
" ဪ ဒီကလေးနှယ် မောင်လေးတစ်ယောက်လို သဘောထားလို ပြောတာလေ ဘာတွေ ဒီလောက်ထိ တွေးနေတာလဲ ?"
ВЫ ЧИТАЕТЕ
နယ်မြေသစ်များစွာ (Complete)
Фанфикအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ