[ _ရင်ခုန်သံ ကြား နေပါတယ် မိုးချိန်းသွားသလို _
_ကမ္ဘာမြေတောင် လှုပ်ခါနေပြီး နှလုံးသားရဲ့ဗဟို _
_ဒဏ္ဍာရီထဲမှာ အတူတူ ရှိနေသလို _
_ဒီအချစ်ကို..._
_ အခုကျမှာ လျော့.. _
_စာကဗျာတွေ ဖွဲ့သီနေတယ် ကိုယ့်ရဲ့အချစ်ကို
_ပြီပြင်အောင် မညွှန်းဆိုနိုင်ပါ နှလုံးသားရဲ့အလို _
_အချိန်တွေကို ရပ်နေချင်တယ် နှစ်ယာက်အတူတူ.._
_နှစ်ယာက်ထဲဆို ...အခြားအရာတွေ မလို... _
နှလုံးသားချင်း အဝေးကြီး ကွဲကွာမနေတက်လို့
အတွေးထဲပဲ လွမ်းဆွေးရတာ မနေတက်လို့
မင်းအနားနား အနီးဆုံးမှာ ဖြေသာသလို
ဒါဟာ အချစ်ဆို
မမောတမ်းပေါ့ မင်းနဲ့သွားမယ် သံသရာအဆုံးသို့
သီချင်းလေးနဲ့ ချော့သိပ်တဲ့အခါ ကျေနပ်ဆုံးမို့
မင်းလက်ကလေး ဆွဲသွားပြီးတော့ ခေါ်ပါအုံး
_ အချစ်နိဗ္ဗာန် နန်းဆီကို ...._ ]
မနက်စောစောစီးစီး တရားတော်ပြီးတာနဲ့ ရေဒီယိုမှာ စလာတဲ့ ကောင်းကောင်းနဲ့ ဂျု၀ယ်ရဲ့ " အချစ်ရဲ့ ခေါ်ဆောင်ရာ "သီချင်းကြောင့် ဂျီမင့်ကိုပို၍ စိတ်မကောင်းဖြစ်စေသည်။ ယောင်းညိုကို အသိပေးဖို့ လိုအပ်တဲ့ ကိစ္စကို သူမပြောပဲ နေ၍ မရချေ။ သူတကယ်ပဲ မသွားပဲ နေလိုက်ရမလား ? ။ သို့ပေမဲ့လည်း ဒါက သူ့အိမ်မက်ပဲ ။ ယောင်းညိုက သူ့ရဲ့လမ်းကို ပိတ်ပင်မဲ့လူမျိုးမဟုတ်သလို ခလုတ်တိုက်မိမှာတောင်ဆိုး၍ လမ်းရှင်းပေးမဲ့ သူပင်ဖြစ်သည်။ တစ်ခုပဲ စိုးရိမ်တာက ယောင်းညို တစ်ယောက်ထဲ ထားခဲ့ရမှာပင် ဖြစ်လေသည်။ ဒီကောင်လေး သူ့ကိုတစ်ရက်မတွေ့ရင်တောင် လွမ်းနေတာ နှစ်နဲ့ချီပြီး သူမရှိရင် ယောင်းညို ဘယ်လိုနေမည်နည်း ။
_ ရေတံခွန်ရယ် ကောင်းကင်ပြာရယ် သက်တန့်လေးရယ် ..._
_ရောင်စုံပန်းချီကားတွေအလယ်ကို တို့ရောက်သွားတယ်
ESTÁS LEYENDO
နယ်မြေသစ်များစွာ (Complete)
Fanficအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ