ကုတင်ပေါ်မှဆေးသွင်းထားတဲ့ အမေကို တစ်မိသားစုလုံးက စိုးရိမ်တစ်ကြီးနဲ့ ကြည့်နေကျသည်။ အခုထိ သူတို့ရဲ့အကြောင်းကိုအကုန်အစင် ပြောပြလိုက်မိတော့ ။
" ဘုရား ဘုရား .."
မကြီးက ရင်ဘတ်ကိုဖိကာ ဘုရားကိုတသည်။ မငယ်ကတော့ ထိုသို့မဟုတ် သူ့လက်ကိုကိုင်ထားပေးသည်။ အဖေကတော့ အမေရဲ့နဖူးကိုလက်မနဲ့ ခပ်ဖွဖွပွတ်ပေးနေရင်နဲ့
" သားအမေလဲ ဘာမှမဖြစ်တော့လိုမစိုးရိမ်နဲ့တော့ "
အမေက ရှော့ရပြီးမေ့လဲသွားတာပဲ။ ဘာမှ အခြေအနေဆိုးဆိုးဝါးဝါးမရှိလိုတော်သေးတယ်လို ပြောရမယ်။ သူမျက်နှာကို မိသာစုတွေကြားမှလုံး၀မဖော်ရဲပါ။ ဒါက ယောင်းညိုကို ချစ်ခဲ့လိုမဟုတ်ဘူး။ အမေကို မေ့လဲစေမိလိုပဲ။ ဒါက သူ့အတွက်ဆိုးဝါးတဲ့အပြစ်။
" နင်ဘယ်လိုတောင်ရူးရတာလဲ မောင်ငယ်ရယ် "
မကြီးရဲ့စကားကို သူ့တုန့်ပြန်နိင်စွမ်းမရှိပါ။ ဒီအချိန် တစ်မိသားစုလုံး သူ့ဘက်မှ မရှိရင်တောင် သူက အပြောခံသင့်တ့ဲလူမဟုတ်လား ?။
" သမီးကြီး မပြောပါနဲ့တော့ "
အဖေကမကြီးကို လှမ်းတားသည်။ မကြီးက အမေနားသွားကာ အမေရဲ့ လက်လေးတွေကို တယုတယကိုင်သည်။ မငယ်ကတော့ ဘာမှတော့ ၀င်မပြောပေ။ မငယ်လဲ လန့်သွားမှပေါ့လေ။
" သား အဖေနဲ့လိုက်ခဲ့ "
အဖေက အခန်းထဲက ထွက်သွားတော့ သူပါနောက်လိုက်သွားသည်။ အိမ်ရှေ့၀ရံတာမှ ထွက်ရပ်နေတဲ့ အဖေရဲ့နောက်မှ သူရပ်လိုက်ရင် အဖေဆီက ထွက်ကျလာမဲ့စကားသံကို သူစောင့်မျှော်နေမိသည်။
" ကြာပြီးလား ?"
အဖေက ဖြတ်သွားဖြတ်လာနေတဲ့ ဆိုင်ကယ် | ကားတွေကြည့်ရင် သူကိုမေးသည်။ ဒုန်းတိမေးတယ်ဆိုပေမယ် ဒီဆိုလိုရင်းကို သူသိနေပြီးသားပဲ။
" ကြာပါပြီး အဖေ "
" အင်းအဖေလဲ အဲလိုထင်ပါတယ် အဲကလေးအိမ်ကိုလာကတည်းကရိပ်တော့ရိမ်မိသား"
အဖေက သိပ်သောက်လေ့မရှိတဲ့ ဆေးလိပ်ကိုထုတ်ကာ သောက်နေလေသည်။ အဖေက အတွေးတွေ တအားများတဲ့အခါကျရင်သာ သောက်လေ့ရှိသည်။ အခုလည်းသူကြောင့်အတွေးတွေများနေမှပေါ့။ သူတို့က လွယ်ကူတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတာမှ မဟုတ်တာ။ ဒါတွေက ဖြစ်လာမယ်ဆိုတာ သိပြီးသား။ ဒါပေမဲ့ သူတို့တောင်မပြင်ဆင်ရသေးအောင် မြန်ဆန်လွန်းသွားတာပဲ။
ВЫ ЧИТАЕТЕ
နယ်မြေသစ်များစွာ (Complete)
Фанфикအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ