သူ့တို့ စကားပြောတော့သည်မှ လနဲ့ချီ ကြာခဲ့ပြီး ယောင်းညိုဘက်ကလည်းစပြီးဖုန်းမဆက်သလို သူ့ဘက်ကလည်း မဆက်သွယ်ခဲ့ပါ ။ တစ်ခါတစ်လေ သူ့ဘက်က စဉ်းစားမိသည် ဒီကောင်လေးလက်လျော့သွားပြီးလား ? ဒါမှမဟုတ် အသစ်တွေ့သွားတာလား ?ဒီလောက်နဲ့ မပတ်သက်တာပဲ ကောင်းပါတယ်လေလို ဘယ်လောက်တွေးတွေး နေ့တိုင်းဒီကောင်လေးအကြောင်းခေါင်းထဲ၀င်လာတာလည်းတစ်ဒုက္ခ
" မောင်ငယ်ရေ "
အခန်းတံခါးကိုလာခေါက်တဲ့မကြီးကြောင့် ကုတင်ပေါ်မှ မှောက်ရက်လေးနေကာ ဖုန်းသုံးနေတဲ့ဂျီမင်သည် ထထိုင်လိုက်ရင်
" ဗျာ "
" ငယ်လေးရဲ့ သူငယ်ချင်း လာလည်တယ် "
သူငယ်ချင်း ဘယ်သူပါလိမ့် ? ည ၉နာရီပဲရှိနေပြီး ဘယ်သူများလဲ ? နွေဦးများလား ? နွေဦးဆိုလည်း အခန်းထဲကိုတန်း၀င်လာမှပေါ့ ။ဂျီမင်ဆက်မတွေးနေတော့ပဲ ထကာ အခန်းတံခါးကို သွားဖွင့်လိုက်သည်။
" ဘယ်သူလဲ မကြီး "
ကာတွန်း၀မ်းဆက်လေးကို ညအိပ်၀တ်ထားပုံသည် အလွန်ချစ်ဖို့ကောင်းတယ် မျက်မှန်လေးကိုတပ်ထားေသးတာမို့ မကြီးက ဂျီမင်ပါးကို လှမ်းဆွဲရင်
" ဧည့်ခန်းမှ ရောက်နေတယ် ကိုယ်တိုင်သွားကြည့် "
မကြီးက ပြောကာ ထွက်သွားလေသည်။ အောက်ထပ်ကို ဆင်းပြီးဧည့်ခန်းကို သွားလိုက်တော့
" ဝေဝေ "
"မှတ်မိသားပဲ "
ချင်းပြည်နယ်မှ တာ၀န်ကျတုန်းက ေဆးရုံတစ်ခုထဲမှတာ၀န်ကျခဲ့တဲ့ ဆရာ၀န်မလေး သူမသည် ကရင်မလေးပေါ့ " နန်းစောဝေ" တဲ့ သူ့နဲ့ သိပ်ခင်မင်ရင်းနှီးတဲ့အထိတော့မဟုတ်ပေမဲ့ သူမက သူ့ကိုခင်၏။
" မှတ်မိပါ တယ် "
ဧည့်ခန်းက ဆိုဖာပေါ်မှ သူ့၀င်ထိုင်လိုက်ရင်
" ဘာသောက်မလဲ "
" မသောက်တော့ဘူး ဂျီမင်ရေ ငါဒီဘက်ရောက်လို နင်ဆီ ခဏ လာလည်တာ "
သူမသည် အရမ်းကို သွက်လက်သလို ကရင်သံဝဲဝဲလေးကလည်းချစ်စရာကောင်းသည်။ သူမက အရမ်းကြီးအလှကြီးလဲမဟုတ်သလို ရုပ်ဆိုးနေတာမျိုးလဲမဟုတ်ပြန် ။
BẠN ĐANG ĐỌC
နယ်မြေသစ်များစွာ (Complete)
Fanfictionအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ