💟 ၂၇ 💟

420 57 7
                                    


" အမေ ..."

ဆေးရုံကပြန်ရောက်တယ်ဆိုတာနဲ့  ထမင်းစားခန်းထဲကို တန်းသွားလေသည်။ သူဘယ်လောက်တောင်အမေနဲ့ စကားပြောချင်နေလည်းဆိုတော့ ဂျုတီကုတ်တောင်ချွတ်ဖို့မေ့တဲ့အထိပဲ။ အမေနဲ့စကား‌ေြပာဖို့လိုအပ်တယ်။ ဒါမှမဟုတ်ရင် ..."

" သားတောင် ပြန်လာပြီးပဲ.."

အမေက ၀က်ခေါက်ကို သုတ်ဖို့ထင်ပါရက် သေးသေးလေးလှီးနေတာ အဖေကော့ အမေနားမှာထိုင်ပြီး ရှောက်ရွက်အနည်းငယ်ကို ခြွေပေးနေတာ။

" အမေ ဒီသတင်းစာက ဘာလဲ...သားလဲ ဘာမှာ မသိရပါလား ...?"

စေ့စပ်ခံလိုက်တဲ့သူက ဘာမှတောင် မသိရတဲ့အဖြစ် ။အမေကို စိတ်ဆိုးနေလိုမဟုတ်ဘူး  ဒေါသထွက်မိနေလိုမဟုတ်ဘူး မယုံနိင်တာ။ အမေက သူကိုတောင်အသိမပေးတာ။ကျော်စွာလာ‌ေြပာပြမှာ သိရတဲ့အဖြစ် ...!"

" အခုသားသိသွားပြီးမဟုတ်လား ?"

အမေက ၀က်ခေါက်လှီး‌နေတာကိုရပ်လိုက်ပြီး ဓားကိုချကာ သူကိုကြည့်လာသည်။  အဖေကတော့ ဘာမှ ၀င်မပြောပေ။

" သားဆန္ဒကော့ မမေးဘူးလားအမေ ...ဒါက သားရဲ့ တစ်ဘ၀လုံးနဲ့ ဆိုင်တဲ့ကိစ္စလေ "

" အဲတစ်ဘ၀လုံးဆိုင်တဲ့ ကိစ္စမို့ ဒီအမေက ဆုံးဖြတ်နေတာလေ ...ဘာလဲ ..ငါက မင်းကို ယောင်္ကျားလေးတစ်ယောက်နဲ့ သဘောတူမယ်ထင်နေလား ..?။ ပတ်၀န်းကျင်မှာ ညိုရဲ့သားက ဂေးပါဆိုပြီး ကဲ့ရဲ့တာကို ငါခံနိင်မယ်ထင်လိုလား ...အဲစကား ငါသတ်သေလိုက်မှာနော် ပတ်ဂျီမင် ..."

အမေရဲ့ စိမ်းသက်နဲ့ အကြည့်‌ေတွနဲ့ သူကိုကြည့်ကာပြောလာတော့လည်း သူမှာ ယိုင်နဲ့ရပြန်သည်။ နောက်ဆုံးအမေရဲ့စကားက သူကိုလူပ်မရ‌ေအာင် ချိန်းခြောက်နေသလိုပဲ။

" အမေ .."

" ညို ...!"

" အမေသားက ယောင်္ကျားလေးတစ်ယောက်ကို ချစ်မိမှာတော့ဂေးပဲပေါ့ ...ဒါကိုအမေဘယ်လို ဖျောက်ဖျက်လိုရမှာလဲ ... ပြီးတော့ ပတ်၀န်းကျင်ကို ဘာလိုဒီလောက်ကြောက်နေတာလဲ ..သားဘ၀တစ်လျှောက်လုံးစိတ်မချမ်းသာ ကိုယ်မချမ်းနဲ့ နေသွားရမှာလေ ..ပြီးတော့ ဆုလေးငယ်ကော့ ..သူ့သာ သားကိုဂေးမှန်းသိသွားရင် သူကော့ဘယ်လိုစိတ်ချမ်းသာမှာလဲ...ဆုလေး‌အပေါ် ရက်စက်သလိုဖြစ်သွားမှပေါ့ ?"

 နယ်မြေသစ်များစွာ (Complete)Where stories live. Discover now