" ဘာလိုအိမ်ေရှ့မှ ထိုင်စောင့်နေတာလဲ ?"
သူ့ယောင်းညိုအိမ်ရှေ့မှ ဆိုင်ကယ်ရပ်လိုက်သည်နှင့် အိမ်ရှေ့အုတ်ခုံစံပယ်ရုံဘေးမှ ထိုင်နေတဲ့ ယောင်းညိုကိုတန်းတွေ့ရသည်။ ဆိုင်ကယ်ဒေါက်ထောက်လိုက်သည်နှင့် သူလက်ထဲက အိတ်ေတွကိုယောင်းညိုက လာဆွဲလေသည်။
" ဘာတွေ ယူလာတာလဲ ?"
စပို့ရှပ်အင်္ကျီအဖြူေရာင်လေးနဲ့ အမဲရောင်ချည်အပွလေးနဲ့ ယောင်းညိုက တွဲဖက်၀တ်ဆင်ထားသည်။ ထူးဆန်းစွာနဲ့ပဲ သူလဲ ချည်သားအပွအပေါ်ဖြူအောက်အမဲကို ၀တ်ဆင်ထားမိသည်။
" ဆီထမင်းအိမ်မှထိုးတာ ဒီနေ့အကိုလဲအားနေတုန်းလုပ်ဖြစ်တာ "
" ဪ .."
နစ်ယောက်သားအိမ်ထဲကို၀င်လိုက်ပြီးသည်နှင့်မီးဖိုချောင်ကို တန်း၀င်လေသည်။
" မောင်အအေးသောက်မလား ?'
စာပွဲမှ ထိုင်လိုက်တော့ ယောင်းညိုကရေခဲသေတ္တာသွားဖွင့်ရင် သူ့အားမေးသည်။
" လိပ်သဲရှိလား ?"
" ရှိတယ် ဆေးကုလားမက်ကော့ "
" အင်းသောက်မယ် "
ဆေးကုလားမက်ကိုအမြဲဆောင်ထားဖို့ သံပုရာသီး ဒါမှမဟုတ် ရှောက်သီးကို ဆောင်ထားဖို့လဲ သူပြောထားတာမို့ ယောင်းညိုက သူ့ပြောတဲ့အတိုင်းလိုက်လုပ်ပုံရသည်။
လိပ်သဲတွေကို ယောင်းညိုက စိတ်ရှည်ရှည်နဲ့ သေချာလှီထားပုံရတယ် တကယ်သေးသေးလေးတွေမှ သေးသေးလေးတွေ | ဆေးကုလားမတ်ကိုဗူးအပြည့်စိမ်ထားပုံကြည့်ရတော့ သူနူတ်ခမ်းတွေ ကွေးညွှတ်ကုန်သည်။ သံပုရာသီးကိုညှစ်ပြီးပျားရည်အနည်းငယ်ရယ် သကြားရယ်ကိုသေချာထည့်ပြီးသူအတွက်ဖျော်ပေးနေတာကို သူသေချာကြည့်နေမိသည်။
" ရပြီးမောင် ..."
" ကျေးဇူး "
သူနားမှ လိပ်သဲဖျော်ရည်လာချပြီး စာပွဲမှထိုင်ချလိုက်တဲ့ ယောင်းညိုကိုကြည့်ရင်
" နွေဦးတို့အိမ်ကို အကိုသွားမလို ..."
" ဟင့် ..."
BẠN ĐANG ĐỌC
နယ်မြေသစ်များစွာ (Complete)
Fanfictionအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ