" မောင် အဆင်ပြေရဲ့လား ?"
ညကသူတို့ညနက်သွားတော့မနက်ကျ သူ့စောစောမထနိင်ချေ။ ကုတင်ခြေရင်းတည့်တည့်က နာရီလေးကိုကြည့်လိုက်မိတော့ မနက် 7နာရီကိုညွှန်ပြနေလေသည်။ ကုတင်ပေါ်မှတက်ထိုင်နေတဲ့ယောင်းညိုဆီက အမွှေးနံ့လေးရနေရတာမို့ ရေချိုးထားပြီးမှန်းသိလိုက်လေသည်။ ယောင်းညိုလက်ချောင်းတွေနဲ့ သူရဲ့ဆံပင်လေးကိုထိုးဖွနေတော့
" မောနင်း "
" အင်း..မောနင်း ။ မောင်ထနိင်လား ကိုယ်ဘာလုပ်ပေးရမလဲ "
တကယ်တော့ ယောင်္ကျားလေးနစ်ယောက်အတူတူနေကြတဲ့အခါ ထင်သလောက်မလွယ်ပေ။ ဒါတောင် သူတို့နစ်ယောက်အကူအညီအများကြီးယူရသလို ယောင်းညိုဘက်ကလည်း အများကြီးသက်ညှာပေးတာကို သူသိသည်။ ဒါကြောင့် သူ့အတွက်ဒီမနက်က ခါးအောက်ပိုင်းက နာကျင်တယ်ဆိုပေမဲ့ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ချေ။ နစ်ယောက်လုံးအတွက်လည်း ပထမဆုံးအချိန်မို့လို ရင်ခုန်နေလွန်းလိုနာကျင်တာတွေတောင် ညကတည်းကမေ့ပျောက်သွားလေသည်။
" ယောင်းညိုက ဘယ်လောက်တောင်ဆိုးထားလိုလဲ ? အကိုထနိင်တယ် စိတ်မပူနဲ့ "
သူပုခုံးပေါ်မှာ ခေါင်းလေးတိုး၀င်တော့သူ့လက်နစ်ဖက်နဲ့ ယောင်းညိုရဲ့ဆံပင်ကောက်ကွေးလေးတွေကို ဆွဲဖွရင် နှဖူးပြင်ကိုနမ်းလိုက်လေသည်။
" ဒီနေ့ ရွှေနန်းတော်မှာပဲသွားစားကြမလား ? ။ အကိုဒီနေ့နောက်ကျနေပြီးမို့ "
" ကိုယ်ချက်ထားပြီးပြီး ။ မောင်အိပ်ပါစေဆိုပြီးမနိုးတာ။ သွားလေ... သွားစားကြတာပေါ့ "
ထယ်ယောင်းခေါင်းကဂျီမင်ရဲ့ပုခုံးကနေ ဖယ်လိုက်တော့ ဂျီမင်ကကုတင်ပေါ်ကထလိုက်တော့
" အင့်.... "
" မောင်ရလား ?"
" ရုတ်တရက်ဆိုတော့ "
ချက်ချင်းသူဘေးနားရောက်လာပြီး တွဲပေးလေသည်။ ဒီကောင်လေးလူကိုကလေးထင်နေတာလားမသိပေ။ တအားကိုစိုးရိမ်နေတာ။တစ်ခါတစ်လေ ယောင်းညိုက သူရဲ့အုပ်ထိန်းသူနဲ့တူသလို တစ်ခါတစ်လေမှာ သူစကားကိုလွန်စွာနားထောင်တက်တဲ့ ညီလေးတစ်ယောက်နဲ့တူလေသည်။ အခုချိန်တော့လည်း သူရဲ့အမျိုးသားတစ်ယောက်လိုပေါ့။
DU LIEST GERADE
နယ်မြေသစ်များစွာ (Complete)
Fanfictionအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ