" မင်းသတင်းက ဆေးရုံတစ်ခုလုံးပြန့်နေတာပဲ ဂျီမင်ရေ "
နေ့လည်စာစားချိန် ကျော်စွာက သူအခန်းထဲရောက်လာလာခြင်းပြောတဲ့စကားကြောင့် နားမလည်ပေ။ သူသတင်းက ဘာတွေပြန့်နေလိုလဲ ?။ ဒါမှာမဟုတ် မနက်က ကိစ္စကြောင့်လား ?။ ဒါကဒီလောက်တောင် ပြန်တယ်တဲလား ?။
" ဘာသတင်းလဲ ?"
" ရော့ ငါ့ကောင်မလေးက မင်းအတွက်
သီးစုံထမင်းကြော်ထည့်ခဲ့ပေးတယ် ။ စားရင်ပြောမယ် "ကော်ခုံလေးကို ဆွဲထိုင်ကာ နစ်ယောက်သားစားကျလေသည်။ ကျော်စွာသည် အရင်ကတည်းကလည်း ရင်းနှီးခဲ့ကျတယ်ဆိုပေမဲ့ ဆေးရုံကြီးမှာတာ၀န်ကျမှာ ပိုရင်းနှီလာပြီး နေ့တိုင်းနီးပါး နေ့လယ်စားအတူစားရင် စကားပြောဖော်ဖြစ်လာခဲ့လေသည်။ ယောင်းညိုနဲ့သူရဲ့ကိစ္စကိုဖွင့်ပြောတော့လည်း သူ့အပေါ်အနားလည်းပေးနိင်ဆုံးသော သူငယ်ချင်းလေး။ နွေဦးတောင် သတိရမိပြန်သည်။နွေဦးက စလုံးမှာ အဆင်ပြေနေရဲ့လား ?။
" မင်းနဲ့ မင်းကောင်လေးအကြောင်းတွေပေါ့ "
" ဪ "
" ဪတဲ့လား ?။ အခု ဆေးရုံတစ်ခုလုံးမင်းကိုဘာပြောနေကျလဲသိလား ?"
" ပြောပါစေပေါ့ ။ အခုချိန်သူတို့မသိသေးရင်တောင် နောင်တစ်ချိန်ကျရင် သိမှာပဲလေ "
ဘာမှာ ထွေထွေထူးထူးဖြစ်နေစရာသူအတွက်မလိုပါ။ ဘာလိုဆို ယောင်းညိုကိုချစ်လိုက်တော့မယ်ဆိုကတည်းက ဒီအရာတွေကို တွေးထားပြီးသား။ အမေနဲ့ အဖေလည်း ဒီကိစ္စကိုကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လိမ့်မယ်လို ထင်ခဲ့ပေမယ့် အချိန်တစ်ခုထိ စောင့်ကြည့်မယ်တဲ့။ ယောင်းညိုလက်ကို ဆွဲထားနေသမျှ ကာလပတ်လုံးတော့ သူဟာ့ဘယ်အရာကိုမှာ ကြောက်နေမှာမဟုတ်ဘူး။ ဘယ်သူပြောပြော ဂရုစိုက်နေမှာ မဟုတ်ချေ။
" ပတ်ဂျီမင် မင်းကတော့ စလံပဲ "
" ကျော်စွာ"
" ဘာလဲ ?"
သီးစုံထမင်းကြော်ကို ငုံ့စားရင်မျက်လုံးလှန်ကြည့်ကာ ထူးလေသည်။ ကျော်စွာဘက်က သိုသိုသိပ်သိပ်နဲ့ နေစေချင်တာ သိပေမဲ့ သူတို့နစ်ယောက်က လူတွေအမြင်မှာ သရုပ်ပျတ်နေတာလည်းမဟုတ်သလို ဘယ်သူကိုမှာလည်းထိခိုက်နေတာမဟုတ်တဲ့အတွက်
သူ့ဘက်က ကြောက်နေမှာမဟုတ်ချေ။ မပြောပဲ ထားမှာလည်းမဟုတ်ချေ။
KAMU SEDANG MEMBACA
နယ်မြေသစ်များစွာ (Complete)
Fiksi Penggemarအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ