" ယောင်းညိုက ဘာလိုက်လုပ်မှာလဲ ..?"
မလိုက်စေချင်လို့ မဟုတ်ပေ။ ဟိုဘက်ကမ်းကို ကျန်းမာရေး ဟောပြောပွဲအနေနဲ့သွားတာ ။ သူရယ် ၊ ကျော်စွာရယ် ၊ ဆရာ၀န်တစ်ချို့ရယ်နဲ့ အလုပ်သင်သူနာပြုတွေ ပါလေသည်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားရမယ်ဆိုပမဲ့ ကျော်စွာက သူ့ကောင်မလးကိုပါ ခေါ်လာမည်လို ပြောလေသည်။ ဒါကြောင့်မို့ သူကားယူသွားရမည် ဖြစ်သည်။ ယောင်းညို့ကို မလိုက်စေချင်တာက ပင်ပန်းမှာဆိုး၍ဖြစ်သည်။ အဖေနဲ့ကော့ ကားအရောင်းအ၀ယ်ကိစ္စလုပ်နေသလို ၊ ရေဆေးခုံဘက်ကိုလည်း ကြည့်ရသေးသည်။ စိုင်းညီရှိလို့ တော်သေးတယ်ပြောရမည်။
" ဪ ..မောင်ပင်ပန်းနေမှာ ဆိုးလို့လေ ...ညဂျုတီပဲအခုတစ်လော ဆက်တိုက်ကျနေတယ်မဟုတ်လား .. ကားလည်း မောင်းရအုံးမယ် ။ပြီးတော့ တံခါးပြီးထားတာ မကြာသေးတော့ မောင်လမ်းမသိမှာ ဆိုးတယ် ?"
သူ့အတွက် စားစရာတွေ ထည့်ပေးရင် ယောင်းညိုက ပြောလေသည်။ မီးဖိုချောင်ထဲမှာ တစ်ယောက်ထဲ ရူပ်နေတဲ့ ယောင်းညိုရဲ့ကျောပြင်ကိုကြည့်ပြီး သူသည် အနောက်ကနေ ပွေ့ဖက်လိုက်သည်။
" အဲလောက်ဂရုစိုက်မနေနဲ့ ။ အကျင့်ပါသွားရင် ဘယ်လိုလုပ်ပါတုန်း "
ဘယ်အရာဖြစ်ဖြစ် သူ့အတွက်အမြဲတွေးပေးတက်လွန်းတဲ့ ယောင်းညို့ကို ပိုင်ဆိုင်ထားရသူကလည်း ကမ္မာကြီးတစ်ခုလုံးကို ပိုင်ထားရသလိုပဲ ။ တစ်ခါတစ်ခါ ချစ်သူလို ၊ တစ်ခါတစ်ခါ အိမ်ထောင်ဦးစီးလို၊ တစ်ခါတစ်လေ ကျပြန်တော့လည်း အဖေတစ်ယောက်လို ပုံစံမျိုးတွေ့ရတက်သည်။ အမေသည် အဖေကို ဒါကြောင့် သူတို့ထက် ပိုချစ်သလဲဆိုတာကို ယောင်းညို့ကိုကြည့်ရင် နားလည်လိုက်သည်။အဖေသည် သူတို့မောင်နှမသုံးယောက်လုံးအပေါ်ကို သိပ်ကိုနွေးထွေးသည်။ အမေကတော့ အပေါ်မှာ ရွှေဆိုင်ဖွင့်ကာစ,ပေါ့ ။ အဖေက ကာစတန်ခေတ်မို့ မှောင်ခိုပစ္စည်းတွေကို အောက်ဈေးကိုတင်သွင်းသည်။ သို့ပေမဲ့ အဖေကတော့ သူတို့ကျောင်းကြိုကျောင်းပို့ကို တစ်ရက်တောင် မပျတ်စေခဲ့ပါ။ ကျောင်းမတူတာကြောင့် သူ့ကို တစ်ခါကြိုရသလို အမှတ် ( ၈ )ကျောင်းက အမနစ်ယောက်ကိုလည်း အဖေက ၀င်ကြိုရသည်။အဖေသည် ဒီနေ့အထိ သူတို့ကို အသံကျယ်ကျယ်နဲ့တောင် မပြောဖူးသလို စီးပွားရေး သောင်းကျန်းလွန်းတဲ့အမေ့ကိုလည်း အိမ်တာ၀န်မကျေဘူး ဆိုပြီးတော့ တစ်ခါမှ မပြောခဲ့ဖူးပေ။ အမေ့ရဲ့မောင် ဦးငယ်ကိုတောင် အဖေက သားလိုမျိုး ဂရုစိုက်ကာ စောင့်ရှောက်ပေး၏။
ВЫ ЧИТАЕТЕ
နယ်မြေသစ်များစွာ (Complete)
Фанфикအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ