" အဖေကော့ မငယ်နဲ့အဆင်ပြေပါ့မလား ..?"
ရန်ကုန်မှာ မျက်စိသွားပြတဲ့အဖေ့ရဲ့အကြောင်း ဖုန်းဆက်ကာ သတင်းမေးတော့ အမေက အဆင်ပြေကြောင်းပြောသည်။ သူပါလိုက်မယ်လို့ ပြောတော့ အဖေက လက်မခံပါ။ ယောင်းညိုရဲ့ အဖေ့အိမ်မှာ တည်းပြီး ပျော်သလောက်နေမယ်ဆိုတာကြောင့် သူလိုက်၍ မရပါ။ သူ့အမေနဲ့ ယောင်းညိုအဖေနဲ့သာ မရင်းနှီးသလို စကားမပြောဖူပေမဲ့ သူ့အဖေနဲ့ ယောင်းညိုရဲ့အဖေကတော့ တော်တော်လေးရင်းနှီးနေပြီး ဖြစ်လေသည်။
" ပြေတယ် မပြေတာက အမေပဲ ။ တာပတွန်က ဖိုးလေးကြီးရဲ့မြေး ရှင်ပြုပွဲကို သွားရမှာ "
" သွားပေါ့အမေရယ် ...သားလိုက်ပို့ရမလား ..?"
" မသိသေးဘူး သားမအားရင် လိုက်မပို့ပါနဲ့ ။ ကားမောင်းတဲ့လူကို ဌားလိုက်မယ်။ သားရဲ့ ဦးပါ လိုက်သွားမှာ "
" ဦးလေးပါ လိုက်သွားမှာလား ...?"
အိမ်ပြင်တောင် မထွက်တဲ့ ဦးလေးက တာပတွန်ရွာကို လိုက်သွားမယ်တဲ့ ။ ထူးဆန်းတယ် မဟုတ်လား ...? ။ စိတ်အပြောင်းအလဲ ဖြစ်အောင်လို့လား ...? ။
" အေး ..ဖိုးလေးကြီးကလည်း သားရဲ့ဦးလေးကို တောင်းပန်ချင်တာတဲ့ ..."
တောင်းပန်ချင်တယ်တဲ့လား ...? ။ လူနစ်ယောက်ရဲ့ ဘ၀ကို ဖျက်ဆီးချင်သလို ဖျက်ဆီးပြီးမှာ တောင်းပန်ချင်သတဲ့လား ...? ။ အနှစ်နှစ်ဆယ်ကြာပြီးမှ တောင်းပန်တော့ကော့ လူတစ်ယာက်က ပြန်ရှင်မယ်တဲ့လား ..? ။ ဦးလေး မသွားသင့်ဘူးလို့ သူထင်သည်။ မဟုတ်ရင် ဦးလေးအတိတ်ကို ပြန်သတိရနေမှာ ။
" ဦးလေး ၀မ်းနည်းသွားအုံးမယ် အမေ ...."
" သားဦးလေးက လိုက်ချင်တာလေ ..အမေ အတင်းခေါ်တာမှ မဟုတ်တာ "
" ဟုတ်ပါပြီး ..ယောင်းညိုကို ခေါ်သွားလေ ။ အဖေမရှိတော့ ယောင်းညိုလည်း ကားကကြည့်စရာတွေ မရှိသေးဘူးပေါ့ "
အမေဘက်က အသံတိတ်သွားလေသည်။ သူကတော့ ယောင်းညို့နဲ့ အမေ့ကို အဆင်ပြေချင်သည်။ အရင်ကလောက်အမေ့အခြေအနေမဆိုးပေမဲ့ ယောင်းညိုနဲ့တွေ့ရင်တော့ ဘုကလန့်ကို ပြောတက်သည်။
ESTÁS LEYENDO
နယ်မြေသစ်များစွာ (Complete)
Fanficအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ