" ဒီနေ့ညရဲ့ နောက်ဆုံးသီချင်းလေးကို ဧည့်သည်နစ်ယောက်က ဆိုပေးမှာပါ ၊ တစ်ယောက်ကတော့ ဆရာ၀န်ပါ ၊ အသံလည်း တော်တော် ကောင်းပါတယ် "စိုင်းညီရဲ့ စင်ပေါ်ကနေ ပြောတာကို ယောင်းညိုကြားပေမဲ့ ထတော့မကြည့်ပါ ။ ဘာလိုဆို ကိုကျော်စွာကလည်း ဒီနစ်ကို သီချင်းဆိုချင်တယ်လို့ပြောထားပြီး ဆေးခန်းမှာလူနာတွေ သိပ်မရှိတဲ့အချိန် စိုင်းညီနဲ့ပေါင်းပြီး ဂီတာနဲ့ သီချင်းတိုက်လေသည် ။
" မင်္ဂလာပါ ၊ ကျွန်တော်အကြိုနေ့ညကို ကျွန်တော့ကောင်လေးအတွက် သီချင်းလေးတစ်ပုဒ်လောက် ဆိုချင်ပါတယ် ကျွန်တော့်ရဲ့အစ်မနဲ့အတူ "
ထိုအသံကြောင့် ဖုန်းကိုကြည့်နေတဲ့ ယောင်းညိုသည် ထရပ်လိုက်ပြီး စင်ပေါ်ကလူကို ကြည့်လိုက်မိသည် ။ မောင် ...သူ့ရဲ့ တစ်ဦးတည်းသောမောင် ။ အဖြူရောင်တီရှပ်လေးကို စတိုင်ပန့်အညိုရောင်နဲ့ တွဲ၀တ်ထားတာ ။ ခပ်တိုတိုဆံပင်ကို အလယ်ခွဲလေသည်။ ယောင်းညိုသည် မျက်လုံးကို လက်နဲ့ ပွတ်လိုက်ပြီး စင်ပေါ်ကလူကို သေချာကြည့်လိုက်လေသည် ။
" တကယ်တော့ ကျွန်တော်နိင်ငံခြားကနေ ပြန်လာတာကို ကျွန်တော့်ကောင်လေး မသိသေးပါဘူး ၊ သူအံ့ဩသွားလိမ့်မယ်လို့လည်း ထင်ပါတယ် ၊ အိမ်ပေါ်ထပ်ကနေ ကြည့်နေတဲ့ ကောင်လေး ကိုယ်အပြီးပြန်လာပြီးနော် အကို့ရဲ့ အိမ်လေးဆီကို "
ယောင်းညို ချက်ချင်းပင် အိမ်ပေါ်ထပ်ကနေ ပြေးဆင်းပြီး စင်အောက်ကို ရောက်သွားလေသည် ။ တွေ့ချင်စိတ်ဇောပဲ ရှိတာမို့ ဖိနပ်မစီးလာတာကိုတောင် သတိမထားမိပါ ။
[ အရိုးသားဆုံးငါပြောမယ်
မရိုးသားခဲ့တဲ့ စိတ်
စတွေ့ကထဲက ချစ်မိခဲ့တာပါ..မင်းသိမလားတော့ မသိ
ငါအမြဲတမ်း အရိပ်တကြည့်ကြည့်
မင်းရဲ့အနားမှာ အမြဲတမ်းရှိချင်တာဘယ်အချိန်ထိတော့ ရှိနိင်မလဲ
ငါတို့အတိအကျသိနိင်မလဲ
အတူတူ အခိုက်အတန့်လေးတိုင်း လှစေမယ်
ပါးရည်တွေ တွန့်တဲ့အထိပါပဲ
နင့်အမြဲ ငါ့အတွက် ကလေးပါပဲ
ဘာကြောင့် ဒီလောက်တောင် ချစ်မိသွားလဲ... ?
BẠN ĐANG ĐỌC
နယ်မြေသစ်များစွာ (Complete)
Fanfictionအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ