မောင်မင်းကို ရွေးချယ်လိုက်ပြီးနေ့ကစပြီး ချစ်ပေးဖို့ကော့ ၊ ကာကွယ်ပေးဖို့နဲ့ ဘယ်သူ့မှ မစော်ကားနိင်အောင် စောင့်ရှောက်ပေးမယ်လို့ မောင်ဘုရားမှ သစ္စာဆိုပြီးသား ။ ဒါကြောင့် မောင်က မင်းဘက်မှာပဲ ရပ်တည်ပြီး မင်းကိုပဲ မျက်နှာမူမှာ ။
" ဖိုးလေးလည်း အသက်ကြီးနေပြီမို့ ကျန်မာရေးကို ဂရုစိုက်သင့်ပါတယ် "
" ပညာတက်တယ်ဆိုပြီး မောက်မာတယ်။ ဆရာ၀န်ဖြစ်သွားလည်း မင်းကို လူတွေက မကဲ့ရဲ့ဘူး မထင်နဲ့ ။ မင်းနောက်ကွယ်မှာ မင်းအကြောင်းကို ပြောနေမှာပဲ ...."
"နောက်ကွယ်ဆိုတာ နောက်ဘက်မှာပဲရှိတာပါ ။ အရှေ့မှာ ရှိနေတဲ့လူကို ကျွန်တော်ဂရုစိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို အခြားလူတွေကို ဘာပြောပြော ဂရုမစိုက်ပါဘူး ။ ကျွန်တော်က အဂ္ဂါမိုးညိုမဟုတ်လို့ပဲ ။ ပြီးတော့ ကျွန်တာ့်ကောင်လေးကလည်း ဖိုးလေးစကားကြောင့် ထွက်ပြေးသွားမဲ့ ဟန်စစ်သွေးမဟုတ်ဘူး "
ဦးလေးကိုကော့ မရှိတော့တဲ့ ဦလေးရဲ့ချစ်သူကိုပါ ပြောလိုက်မိတဲ့အတွက်လည်း သူစိတ်မကောင်းချေ။ ဒါပေမဲ့ အမေတို့ အမျိုးတွေ မလွန်ဆန်နိုင်တဲ့ ဖိုးလေးကြီးကို သူတော့ လွန်ဆန်နိုင်ရမယ်လေ ။ သူလည်း ဒုတိယ အဂ္ဂါမိုးညို မဖြစ်ချင်သလို ယောင်းညို့ကိုလည်း ဒုတိယ ဟန်စစ်သွေး မပေးဖြစ်နိုင်ပါ။ သူ့ကောင်လေးသာ သူ့အနားမှ မရှိတော့ရင် ဆိုတဲ့အတွေးမျိုးတွေးမိရင်တောင် အသက်ရှူကျပ်စေသည်။ ဒီကောင်လေးကို သူသိပ်ချစ်သည်။ ဒီအတွက် ဒီကောင်လေးကို သူကာကွယ်ပေးမည်။
" ကြည့်ရသေးတာပေါ့..ဘယ်လောက်ထိ ခံမလဲဆိုတာ "
ဖိုးလေးဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောတော့တာမို့ တရားသွားနာလေသည်။ အခန်းထဲမှာပဲ သူ့ကိုအသင့်စောင့်နေတဲ့ ယောင်းညို့ကိုလည်း ခေါ်ရသေးသည်။ လည်ကတုံး အဖြူလေးနဲ့ မွန်လုံချည်လေးနဲ့ ။ ယောင်းညိုမှာ မွန်လုံချည်ရှိမှန်း သူမသိပါ။ သူသိသလောက်တော့ မရှိပါ။ စိတ်ထဲ ထင့်နေလို့ မေးလိုက်တော့ အမေပေးတာတဲ့ ။ သူပြုံးယုံ ပြုံးလိုက်မိသည်။ ဆံပင်ကောက်ကွေးလေးတွေကို သူပဲစုပြီးစီးပေးလိုက်မိသည်။
ВЫ ЧИТАЕТЕ
နယ်မြေသစ်များစွာ (Complete)
Фанфикအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ