" မောင် "
သူ့ရဲ့နားရွက်ဖျားမှာခေါ်နေတဲ့သြရှရှနဲ့တိုးညင်းညင်းအသံလေးကြောင့် မနက်ခင်းလေးကိုနိုးထရလေသည်။ သူ့တို့ညက အနမ်းတွေရှည်ကြာခဲ့တာကလွဲရင် ဒီအတိုင်းလေးပဲအိပ်ပျော်သွားခဲ့တာ။ တစ်ညလုံးဆုပ်ကိုင်ထားခဲ့သည်လက်တွေသည့် သက်ဆုံးတိုင်ထိကို ရည်ရွယ်သည်။ ဒီအမျိုးသားနဲ့ သက်ဆုံးတိုင် ကြင်ကြင်မာနာနဲ့ အိုအောင်မင်းအောင်အတူရှိချင်တာ။
" မောင် ..ကိုယ်ဈေးသွား၀ယ်လိုက်အုံးမယ် မောင့်ဘာစားချင်လဲ "
သူ့နှဖူးပြင်ပေါ်မှာချနေတဲ့ဆံပင်တစ်ချို့ကိုသတ်တင်ပေးရင် ဆိုလေသည်။ သူ့လည်း ယောင်းညိုကိုပြုံးပြလိုက်ရင်
" အကိုက ဘာဖြစ်ဖြစ်စားပါတယ် "
ကုတင်ပေါ်မှာအိပ်နေရာကနေ ထထိုင်လိုက်ပြီးယောင်းညိုအား သူ့စကားဆိုလိုက်သည်။ ရေချိုးဆပ်ပြာနံ့သင်းသင်းလေးထွက်နေတော့ ယောင်းညိုက ရေတောင်ချိုးပြီးသွားပြီးဆိုတာ သူ့သိလိုက်သည်။ ဘေးကစာပွဲခုံပေါ်က နာရီကိုကြည့်လိုက်တော့ မနက် ၆နာရီရှိလေပြီး။
" အစောကြီးနိုးတာပဲ အကိုကောင်လေးက.. ဘာလိုအကိုကို့မနိုးတာလဲ "
" အိပ်နေတဲ့ပုံလေးက တအားချစ်ဖို့ကောင်းနေလိုမနိုးရက်တာ "
သူ့ရဲ့ပါးကို ဖြတ်ခနဲ့နမ်းရင်ဆိုလေသည်။ ပြီးတော့ တင်မလွှဲထိုင်နေတဲ့ကုတင်ပေါ်ကနေထပြီး စာပွဲပေါ်မှာတင်ထားတဲ့ ဆိုင်ကယ်သော့ကိုယူပြီး
" ကိုယ် စားစရာသွား၀ယ်လိုက်အုံးမယ် "
" အင်း ..."
အခန်းထဲကနေ ယောင်းညိုကထွက်သွားတော့ သူ့က ကုတင်ပေါ်ကနေထရင် ရေချိုးခန်းထဲ၀င်ကာ မျက်နှာသစ်ရင် ထမင်းချက်ဖို့ ပြင်ဆင်လေသည်။ ပေါင်းအိုးနဲ့ပဲမို့ ဆန်ဆေးကာတင်ထားလိုက်ယုံပဲ ။ ရေခဲသေတ္တာထဲမှာ ဘာဘာညာညာရှိမလားဆိုတာ လိုက်ကြည့်ပေမယ့် ယောင်းညိုကရန်ကုန်မှာ သွားနေတာ တစ်ပတ်လောက်ရှိပြီးမို့ အခုလက်ရှိမှာ ဘာမှာမရှိနေပါ။ ဒါကြောင့် ယောင်းညိုက မနက်စောစောထကာ သွား၀ယ်တာကို ။ စိမ်ထားတဲ့ ဆေးကုလားမကိုယူကာ ဖျော်မလိုလုပ်နေတုန်း
YOU ARE READING
နယ်မြေသစ်များစွာ (Complete)
Fanfictionအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ