" အေး ငါနောက်တစ်ရက်နစ်ရက်ဆို ပြန်လာပြီး ..!"
ေနွဦး မနက်အစောကြီး ပန်းခြံဘက် လမ်းထလျှောက်တော့ လူ့သူက ကင်းရှင်းနေ၏။ "ချစ်သူမြိုင်"က ညဘက် မီးရောင်နဲ့ဆို ပိုလှ၏။ ညက လျှောက်လည်ထားသမျှပင်ပန်းလို ဒီကိုရောက်ရောက်ချင်း အိပ်ချလိုက်တာ ညက "ချစ်သူမြိုင်"ရဲ့အလှတရားတွေတောင် မခံစားလိုက်ရချေ။ သူတို့အားလုံး ပင်ပန်းလို နားနေချေသည်။။
" အေး အကြောင်းအရင်းရှိရင်လည်းငါကိုဖုန်းဆက်ပေါ့ "
သစ်ခွပန်းေတွလမ်းဘက် ဖြတ်တော့ သူသတိမမူပဲ လူတစ်ယောက်ရဲ့ ပုခုံးကိုတိုက်မိသည်။ တိုက်ရုံလေးပဲဆိုတာကြောင့် သူလှည့်မကြည့်တော့ချေ။
" အေး ဒါဆို ဒါပဲ ပြန်လာရင် ဒူးရင်းသီး ၀ယ်လာပေးမယ် "
ပြောကာဖုန်းချလိုက်တော့
" ဒီမှ ..!"
အနောက်က ခေါ်သံလိုက်ရတာကြောင့် နွေဦး လှည့်ကြည့်လိုက်သည်။ လက်ပိုက်ထားကာ မျက်နှာတစ်ခုလုံး ဆူပုတ်နေတာ ဂျင်းဘောင်းဘီး ကျပ်ကျပ်ကိုမှ ဒူးလောက်မှ အပေါက်တွေအပြဲတွေနဲ့ အင်္ကျီလေးကိုလည်း လက်နေရာကဆွဲဖြဲထားထားတဲ့ ဒီဇိုင်း ..! မဟုတ်ဘူး ဆွဲကိုဖြဲထားတာ..
" ဟင့် ဘာလဲ ...?"
အရပ်က မိုးထိုးနေတာလား ဘာလားမသိ အပြာရောင်မျက်၀န်းလေးနဲ့ဖြူလွန်းတဲ့အသားအရည်ကြောင့် ဒီကောင်လေးကို မြန်မာနိင်ငံသားလိုတောင်
မထင်ရပေ။" ကျွန်တော်ကို တိုက်သွားတယ်မဟုတ်လား ..?"
ဘာလဲ ဒီကောင်လေး ဘာဖြစ်တာလဲ ? တိုက်မိယုံ တိုက်မိသွားတာကို
" ...!"
" ကျွန်တော်ကိုခင်ဗျားတောင်းပန်ရမယ် မဟုတ်လား ?"
" ဘာ ..!"
တိုက်မိသွားရင် တောင်းပန်မလို ဆိုပေမဲ့ ကျွန်တော်တွေ ခင်ဗျားတွေ ပါလာတာကြောင့် စိတ်က တိုသွား၏။ မော်လမြိုင်က လူတွေက " ခင်ဗျား" လို သုံးရင် ရိုင်းတယ်လိုပဲ ထင်တက်ကျ၏။ " ကျုပ်တွေ ခင်ဗျား"တွေ မသုံးကျတော့ ဒီကောင်လေးစကားကြောင့် ဒေါသထွက်သွား၏။ နောက်ပြီး တိုက်မိသွားတာပဲလေ ...!
أنت تقرأ
နယ်မြေသစ်များစွာ (Complete)
أدب الهواةအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ