💟 42 💟

308 43 19
                                    

" ယောင်းညို ရေမချိုးသေးဘူး "

ကလေးတွေကို စာပြပြီးတာနဲ့ သူ့ဆေးခန်းကို ၀င်ကူပေးသလို ညစာအတွက် ချက်ပြုတ်ပေးနေသေးလေသည် ။

" ခနလေး မောင် ..ဒီမှာ အစိမ်းကြော် ကြော်နေတာ "

" တော်တော့ကွာ .. နှစ်ယောက်ထဲနေတာကို ဖြစ်သလို စားလည်းပြီးတာပဲကို ပင်ပန်းတယ် "

သူလုပ်မယ်ဆိုလည်း ပေးမလုပ် ၊ အကုန်လုပ်တာ၀န်ယူချင်နေတဲ့လူကြောင့် ပင်ပန်းမှာလည်း သူစိုးရိမ်လေသည်။  ဒီကောင်လေးတော့ ...

" ဟာ့ .. ဟင်းနံ့က မွှေးနေတာပဲ ၊ အစ်ကိုတို့ ဘာချက်လဲ ?"

" လာစိုင်းညီ ..၀က်သားနဲ့ရွှေဖရုံသီး ၊ ဆူးပုတ်ရွက်နဲ့ ပဲဟင်းချို ၊ အစိမ်းကြော်က ကြော်နေတယ် မင်းအစ်ကို "

" အိမ်ရှင်ထီးကို ဖြစ်လို့ အစ်ကိုယောင်းညို "

ဂျီမင်စာပွဲဝိုင်းသို့ ပန်းကန်တွေ သယ်နေတော့ စိုင်းညီ ဝိုင်းသယ်ပေးလိုက်သည် ။ စိုင်းညီ ဗိုက်ကိုပွတ်လိုက်ရင်း

" ကျွန်တော် ဗိုက်ကွဲအောင် စားမှာနော် ...အမေနဲ့ ရန်ဖြစ်လာတာ ..တစ်နေ့တစ်နေ့ ဘာတွေ ပြောနေမှန်းလည်းမသိဘူး "

" အမေကို ဒေါသထွက်အောင် မစနဲ့ပေါ့"

စိုင်းညီ ပန်းကန်သုံးပန်းကန်ယူကာ ထမင်းထည့်လိုက်ရင်း ဆင်တူပန်းကန်နှစ်ချပ်ကို ဂျီမင်နဲ့ ယောင်းညိုထိုင်မဲ့ရှေ့မှာ ချပေးပြီး ထမင်းအရင် ဦးကထည့်ပေးလိုက်သည် ။

" စ,စရာ ဒီအမေတစ်ယောက်ပဲ ရှိတာကို အစကိုမခံဘူး ၊ ထားလိုက်ပါလေ ...အမေက မုန့်၀ယ်ကျွေးရင် စိတ်ကောက်ပြေတယ် ၊ ထားလိုက် ၊ အစ်ကိုဂျီမင် ဘယ်တော့ သွားမှာလဲ? "

" ရှေ့အပတ် .."

ယောင်းညိုက ဂျီမင်ဘေးနားမှာ ၀င်ထိုင်လိုက်ရင်း သယ်လာတဲ့ အစိမ်းကြော်ကို ခပ်ထည့်ပေးလိုက်သည် ။ ပြီးတော့မှ စိုင်းညီဘက်ကို ပေးလိုက်သည် ။

"မောင်မနက်ဖြန် ဘာစားချင်လဲ ?"

" ဘာမှ စားချင်တာတော့ သိပ်မရှိပါဘူး ၊ မနက်ဖြန်တော့ ဘာမှမချက်နဲ့ ယောင်းညို ၊ အကိုတို့ တောင်ရိုးတန်းတစ်လျှောက် လျှောက်သွားရအောင် "

 နယ်မြေသစ်များစွာ (Complete)Место, где живут истории. Откройте их для себя