" ဖုန်းထဲလည်း မျက်လုံးကြီးကျွတ်ကျသွားပါအုံးမယ် "
ထမင်းစားနေရင် ဖုန်းတကြည့်ကြည့်နဲ့လုပ်နေလွန်းတဲ့ သူ့သူငယ်ချင်းလေး ပတ်ဂျီမင်ကိုအကွက်ရတာနဲ့ပြောတော့လေသည်။ သူတုန်းကလဲ ဂျီမင်တို့က ဒီလိုပဲ ပြောခဲ့တာကို သူကရည်းစားရှိလိုဖုန်းပြောတာစာပို့တာ ထားပါတော့ နေပါအုံးဒင်းက ဘာရှိလိုတုန်း ..!
" ဟင့် .."
ကျော်စွာခေါ်တော့မှ ဖုန်းထဲကို အာရုံရောက်နေတဲ့ ဂျီမင်စိတ်တေွသည် ပြန်၀င်တော့သည် ။ ကောင်လေးကပြန်သွားတာ တစ်ပတ်ကျော်ပြီးဖြစ်ပေမဲ့ အခုထိသူကိုဖုန်းမဆက်သေးပါ ပြန်သွားတုန်းက မှာခဲ့တာကိုမေ့သွားတာလား " ဖုန်းက ဘာလုပ်ဖို့လဲ " ပြောတုန်းက ခေါင်းညိမ့်ကာ" အင်း" ဆိုပြီးပြန်ဖြေသည်။ အခုတော့ ဒီကောင်လေး မအားလိုများလား ?
" ထမင်းစားလို "
အမြင်ကပ်တယ်ဆိုတဲ့မျက်နှာဘေးနဲ့ ပြောလာတဲ့ ကျော်စွာကြောင့် ဂျီမင်ရီမိသည်။ အေးလေ အရင်က ကျော်စွာကိုသူစနေကျပဲ ။
" နေပါအုံး မင်းရည်းစားရနေတာလား ?"
စုံထောက်မျက်လုံးမျိုးနဲ့ သူခိုးဖမ်းသလိုလာကြည့်နေတဲ့ ကျော်စွာကြောင့်
" ဘာကလား ?"
ကျော်စွာရှေ့မှမို့ သူရဲ့ပုံပျတ်နေမူတွေကို ဖုံးကွယ်လိုက်ရသည်။ ဒီကောင်လေးနဲ့ပတ်သက်ရင် ကိုယ်ဟာကိုယ်လဲ သိတယ် ဘာကိုဖြစ်လိုဖြစ်နေမှန်းမသိတာ ။ အဖြေမရှိတဲ့ ပုစ္ဆာဆိုတာ သူမသိခဲ့ပေမဲ့ ကောင်လေးနဲ့တွေ့မှပဲ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်ကိုကိုင်တွယ်နေရတော့သည်။ အနီရောင်၀တ်ထားတဲ့ ကောင်လေးတွေကို တွေ့ရင်လဲ ယောင်းညိုကိုတွေးမိတယ် ယောင်းညိုဆိုပြဖူးတဲ့ သီချင်းသံတွေကြားရင်လဲ သူသတိရပြန်တယ် လိုင်းကနေ စာလဲမပို့ ဖုန်းနဲ့မခေါ်နဲ့ ဒီကောင်လေး ဘာဖြစ်နေတာလဲ ?
" ကျော်စွာ ..!"
" ဟေး .."
ဇလုံသံနဲ့ပြန်ဖြေလာတဲ့ ကျော်စွာကြောင့်
" လူတစ်ယောက်ကို သတိရနေတယ် ဘာဖြစ်လိုလဲ သူအကြောင်းလဲ မကြာမကြာတွေးမိနေတယ်"
ВЫ ЧИТАЕТЕ
နယ်မြေသစ်များစွာ (Complete)
Фанфикအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ