" လာဒီနားမှ လာထိုင် "
ဝါးကျွတ်သွားတုန်းက ခြစ်မိသွားတာကိုမပြောပဲဒီအတိုင်းနေနေခဲ့တာ။ အိမ်ပြန်လို့ အိမ်ပေါ်တက်တော့မှာ သိရတယ်။ ခြေမျက်စိမှသွေးစတစ်ချို့က ခြောက်တောင်ခြောက်နေလေသည်။ ဘယ်လောက်တောင် ဆိုးလိုက်သလဲ ဒီကောင်လေး... ။ လူက အခု တော့ဘယ်လောက်တောင်စိတ်ပူလိုက်ရသလဲ ?။
" ကိုယ်မနာပါဘူး "
ကြည့်..အခုထိ လူကိုစိတ်မပူအောင်ပဲပြောနေတာ။ ချစ်ရသူကိုတောင် မထိခိုက်အောင်မကာကွယ်နိင်ပဲနဲ့ အခြားသူတွေကို ဒီလူ့ကဘယ်လိုကာကွယ်ပေးနိင်မည်နည်း။ မြင်နေရတဲ့ဒဏ်ရာတွေကိုကြည့်ရင် ဘယ်လိုမှ စိတ်မကောင်းနိုင်ပါ။ ကိုယ့်ကြောင့်မို့ဆိုတဲ့အသိတဲ့တင် စိတ်မကောင်းတော်တော်ဖြစ်ရလေသည်။
" မရဘူးယောင်းညို လာ..ထိုင်။ မဟုတ်ရင်အကို့ စိတ်ဆိုးရလိမ့်မယ် "
စိတ်ဆိုးမယ်ဆိုတာနဲ့ ဒီကောင်လေးခပ်မြန်မြန်လာပြေးထိုင်သည်။ ဒီကောင်လေးကလေ လူကဒီအတိုင်းပြောလိုက်တာကိုအတည်ထင်နေတယ်။ ဘာလိုများ စိတ်ဆိုးရက်မှာလဲ ?။ စိတ်ဆိုးချင်စိတ်ဆိုး ကိုယ့်ဘာသာကိုယ်ပဲစိတ်ဆိုးမိမှာပါ။
" ပုဆိုးလှန်လိုက် ဘယ်လောက်ထိသွားလဲဆိုတာ သိရအောင်လို "
ဘယ်ဘက်ပေါင်ကိုထိသွားတာကြောင့် ပုဆိုးကိုပေါင်၀က်ထိ လှန်လိုက်တော့ ဂျီမင်မျက်နှာညိုးကျသွားလေသည်။ တော်တော်လေးကိုမှထိသွားတာ။ အစင်းရာတွေလည်းဖြစ်သွားသလို တစ်ချို့နေရာတွေက ပေါင်သားကို ဝါးစသေးသေးလေးတွေကနစ်၀င်သွားတာ။ ဝါးတွေကဆွေးနှင့်နေတာမို့ ပို၍ထိသွားချင်သာ။
" ကိုယ်မနာပါဘူး မောင်.. "
" ဘာလို့မနာရမှာလဲ..ဒီလောက်ထိ ထိသွားတဲ့ဟာကို "
ဆေးသေတ္တာကိုယူကာ ယောင်းညိုရဲ့ဘယ်ဘက်ခြေထောက်ကိုသူပေါင်ပေါ်မှတင်လိုက်ရင် အရက်ပြန်ကိုဂွမ်းနဲ့သုတ်ပြီး ခြောက်စပြုနေပြီးဖြစ်တဲ့သွေးတွေကိုသုတ်ပေးနေလေသည်။
" မောင်က အဘိုကြီးအိုလေးလိုပဲ "
ပါးစပ်ကလည်းပြောလည်းပြော လက်ကလည်း သူ့ဒဏ်ရာကိုဆေးထည့်ပေးနေတာ။ နာမှာဆိုးလို နူတ်ခမ်းလေးနဲ့တောင်မူတ်ပေးနေသေးတာ။ ပြုလုပ်နေသမျှကို မျက်တောင်ခတ်ဖို့တောင် မေ့အောင်ထိကြည့်မိနေတာ။
ВЫ ЧИТАЕТЕ
နယ်မြေသစ်များစွာ (Complete)
Фанфикအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ