💟 ၁၁ 💟

463 65 5
                                    

တကယ်ကို လွမ်းနေပါတယ် ဒီလူသားကို ဒီလူသားနဲ့ ပတ်သက်ရင် သတိတရနဲ့ ကြည့်စရာဆိုလို သူ့ခိုးရိုက်ဖူးတဲ့ လင်းနို့တောင် နောက်ခံနဲ့ ပုံလေးတစ်ပုံပဲရှိသည်။ မနေနိင်လွန်းလို ဖုန်းခေါ်လိုက်မိသည် တကယ်တော့ သူ့က မောင့်အတွက် အနှောင့်အယှက်တစ်ခုဖြစ်မှကိုပဲ သေအောင်ကြောက်မိခ့ဲတယ်။

" ဟဲလို " တဲ့ မောင့်အသံလေးကို ဘယ်အချိန်နားထောင်ထောင် ချိုမြနေတာ | အေးချမ်းနေတာ ။ အသံကြားရရင် တော်ပြီးလို တွေးထားပေမဲ့ မောင့်အသံလေးကို ဆက်နားထောင်ချင်မိနေတာ ။

" လွမ်းနေတာ "လို သူ‌ေပြာလိုက်တဲ့ အဆုံးမှမောင့်ရဲ့အသက်ရူ‌သံလေးတွေ ပြင်းထန်လာတာကို သူ့ကြားရသည်။

" ကောင်လေး "

" ဗျာ ..!"

" အကိုကယောင်္ကျားတစ်ယောက်ဆိုတာ  မင်းမေ့နေလား?"

မောင့်ဆီက ဒီစကားမျိုးကြားရတော့ မောင့်မသိနိင်လည်း သူပြုံးမိသည်။ ဒီကိစ္စတွေကို သူ့အများကြီးတွေးထားပြီးပြီး မောင့်က ယောင်္ကျားလေးတစ်ယောက်ဖြစ်နေလို သူ့အချိန်ယူခဲ့တာမှန်တယ် ဒါပေမဲ့ သူခံစားချက်တွေ နှလုံးခုန်သံတွေက နည်းနည်းလေးတောင် ပြောင်းလဲမသွားပါ။ မချစ်ဖူးလို ရူးမိတယ် "တဲ့ ဒီစကားကို သူ့လက်ခံသည် အချစ်ဦး အချစ်ရူးပါ သူ့အတွက်က  မောင့်က ယောင်္ကျားတစ်ယောက် ဖြစ်ခြင်းမဖြစ်ခြင်းထက် မောင်က မောင့်‌ဖြစ်နေလိုကို သူ့ချစ်သည်။

" ကိုယ် သိပါတယ် "

မောင့်ဘက်က အခြေအနေကိုလဲ သူနားလည်ပါတယ်။ မောင့်လဲ ယောင်္ကျားလေးတစ်ယောက်ကို လွယ်လွယ်ချစ်နိင်ပါမလား ? Come outလုပ်ထားတာလည်းမဟုတ်။ မောင့်က ဂေးတစ်ယောက်လည်းမဟုတ်ဘူး။

" ဒါပေမဲ့ မောင်နဲ့ပတ်သက်ရင် ကိုယ်ရဲ့ ခံစားချက်တွေက ပြင်းထန်‌ေနတယ် မောင် ကိုယ်ကို ချစ်ဖို့ထိမ‌ေတွးရဲပေမဲ့ မောင်ကို ကိုယ်ချစ်တာကို သိစေချင်တယ် "

တစ်ဖက်က ဖုန်းသံလေးက အသံတိတ်သွားပေမဲ့ ထယ်ယောင်းကပဲ

" မောင်ကို မနှောင်ယှက်တော့ပါဘူး ကိုယ်ဖုန်းချလိုက်တော့မယ် ဒါပေမဲ့ မောင့်နဲ့ကိုယ်နဲ့က ရင်းနှီးလို ရသေးတယ် မဟုတ်လား "

 နယ်မြေသစ်များစွာ (Complete)Onde histórias criam vida. Descubra agora