💟 ၈ 💟

422 57 8
                                    



ရုတ်တရက် ယောင်းညိုဆီက " မေတ္တာစာ" ဆိုပြီး သူ့ကိုပေးလာတော့ သူ့နားမလည်နိင်စွာဖြစ်မိသည်။
" မေတ္တာသုတ် "လားလို မေးလိုက်ပေမဲ့ သူဘယ်လောက်တောင် ကြောင်လိုက်သလဲ ? ဘယ်သူက တရားစာကို စာအိတ်နဲ့ သေချာထည့်ပြီးပေးမှလဲ ? စာအုပ်ပေးမှပေါ့ ။ ဒါပေမဲ့ သူ့နဲ့ ယောင်းညိုကြားမှ စာပေးရလောက်တဲ့ အနေအထားက ဘာအနေအထားမျိုးလဲ ဘယ်လိုပုံစံမျိုးလဲ  ? သူ့လက်ထဲက ယောင်းညိုပေးထားတဲ့ စာအိတ်လေးကို ကိုင်ကာကြည့်နေရင်

" အကို ..!"

" ဟင့် ..!"

ယောင်းညိုသူ့ကို ခေါ်တော့မှ သူ့အသိ၀င်တော့သည်။ ဘာပြောလိုပြောရမယ်မှန်းမသိပေနဲ့ ယောင်းညိုနဲ့ သူ့နဲ့ပုံစံက ထူးခြားနေသည် နွေဦးနဲ့တော့ ထိုသို့မဟုတ် ယောင်းညိုနဲ့တွေ့ရင် စကားပြောရရင် အိုးတိုးအန်တန်းနိင်သည်။ ပြီးတော့ ယောင်းညိုရဲ့ မျက်၀န်းညိုက စူးရှလွန်းတယ်။တကယ်ကို ယောင်းညိုနဲ့ တွေ့ရရင် အခြားသူငယ်ချင်းတွေနဲ့ကို မတူပေ။ တစ်ခါတစ်ခါယောင်းညိုအကြည့်တွေကြောင့် သူပြာယာခတ်မိတဲ့အချိန်တောင်ရှိဖူးတယ်။ ယောင်္ကျားလေးတစ်ယောက်ကို ထူးထူးခြားခြား ခံစားချက်မျိုးရှိတာ  သူ့အတွက်က ပထမဆုံးပဲ ။ ဆေးကျောင်းတက်နေတုန်းတစ်လျှောက်  အရမ်းရင်းနှီးတဲ့ သူငယ်ချင်‌း‌ေတွမရှိပေမဲ့ သူငယ်တန်းကတော့ ဆယ်တန်းအထိတော့ လင်မယားပေါင်း ပေါင်းကျတဲ့ သူငယ်ချင်းတွေတော့ ရှိခဲ့ဖူးပေမဲ့  ထူးဆန်းစွာန့ဲ ယောင်းညိုရဲ့အကြည့်နဲ့တင် သူ့မှမလုံမလဲနဲ့ရယ်ပါ။

" ဂျီမင်ရေ..!"

အခန်းပြင်မှ ရောက်နေတဲ့ နွေဦးက လာခေါ်တော့မှ ထယ်ယောင်းကော့ ဂျီမင်ကော့ အပြင်ထွက်လာလေသည်။ ဂျီမင်ကတော့ သူစာပွဲပေါ်မှ စာအိတ်လေးကို မီးအိမ်နဲ့ ဖိကာတင်ခဲ့သည်။

" နွေဦးပြန်ရောက်ပြီးလား ?"

" အေး ငါကို အင်္ကျီဌားပေး ငါအင်္ကျီစိုသွားလို "

နွေဦးကို နစ်ယောက်သားကို တစ်ချက်ကာ ဘာဆိုဘာမှတော့မမေးပေ။ ထယ်ယောင်းကတော့ ဂျီမင်ဘေးမှသာရပ်နေလေသည်။

 နယ်မြေသစ်များစွာ (Complete)Место, где живут истории. Откройте их для себя