" သီးစုံကြော်ဖို့အတွက်ပါ ခရုဆီလည်း ၀ယ်ရမယ် ယောင်းညို...ပြီးတော့ ခရမ်းသီးလည်း ၀ယ်ရမယ်။ဘုန်းဘုန်းက ခရမ်းသီးငပိထောင်းကြိုက်လို... "
၀ယ်ရမယ့် စာရင်းတွေကို စာရွက်နဲ့လိုက်ရေးနေတဲ့ ထယ်ယောင်းကို ဂျီမင်ပြောနေလေသည်။ အိမ်တက်ပွဲလေး လုပ်မှာမို့လို ချက်ပြုတ်ဖို့အတွက် တစ်ခုပြီးတစ်ခုရေးနေလေသည်။
" ကြက်နဲ့ ၀က်သားကတော့ ၁၀ပိသာလောက်ပဲ၀ယ် ယောင်းညို ။ ရာသီဥတုက ပူတာမို့ သိပ်စားကျမှာ မဟုတ်ဘူး .. "
ဂျီမင်ပြောသမျှကို ထယ်ယောင်းချရေးနေလေသည်။ ထယ်ယောင်းလည်း နောက်ပိုင်းဂျီမင်ရဲ့အပြောကြောင့် အသီးကော့အရွက်ကော့ အသားကော့ကိုပါ မျှတအောင် စားတက်နေပြီးဖြစ်လေသည်။
" သားငယ် ..တံခါးလာဖွင့်... "
အိမ်ရှေ့ကအသံကြောင့် ဂျီမင်ထထွက်သွားလေသည်။ ထိုအသံက မကြီးရဲ့အသံ ။သူတို့အိမ်ကို မငယ်သာမက မကြီးပါ ထူးထူးဆန်းဆန်းလာတယ်မဟုတ်လား ? ။ အိမ်တက်ပွဲကိုလာဖို့ ခေါ်တုန်းက မကြီးဘက်က ဘာမှပြန်မဖြေခဲ့ပေ။ အခုတော့လည်း မနက်အစောကြီးကို အိမ်ကိုရောက်ချလာတာ။
" မကြီး...!"
" ပူလိုက်တာ...မကြီးကိုသံပုရာရည်တစ်ခွက်လောက်ပေးပါလား သားငယ်... "
လက်နစ်ဖက်အပြည့်နဲ့ကိုင်ခဲ့တဲ့ အိတ်တွေကို ထယ်ယောင်း၀ိုင်းသယ်ပေးလိုက်လေသည်။ မကြီးကော့မငယ်ပါ အိမ်လယ်က ကျွန်းသားနဲ့လုပ်ထားတဲ့ သုံးယောက်ဆက်ခုံလေးမှာ ၀င်ထိုင်လေသည်။
" ဘာတွေ ကြောင်ကြည့်နေတာတုန်း နစ်ယောက်သား...အိမ်တက်လုပ်မှာကို နစ်ယောက်ထဲနဲ့လုပ်လိုရမလား ....ရွှေမရှိမျိုးမရှိလည်းမဟုတ် "
" သံပုရာရည်နော် မကြီး..မငယ်ကော့ ဘာသောက်မလဲ ?"
အိတ်ထုတ်တွေသယ်ရင် ထယ်ယောင်းက မကြီးကော့ မငယ်ကိုပါမေးလိုက်လေသည်။ မငယ်ကတော့
" ဆေးကုလားမ ဖျော်ပေး ။ ထယ်ယောင်းလေးအရင်တစ်ခါက ဖျော်တိုက်တာ ကြိုက်သွားလို... "
YOU ARE READING
နယ်မြေသစ်များစွာ (Complete)
Fanfictionအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ