💟 ၂၂ 💟

396 58 8
                                    

စိုင်းညီရဲ့ ပိတ်ရက်နဲ့ပါ ချိန်းပြီး လေးယောက်သား ထား၀ယ်ဘက်ကို ခရီးထွက်ခဲ့ကျသည်။ နွေဦးရဲ့ကားကို ယူကာမနက်အစောကြီး ခရီးနှင်ကျသည်။ နွေဦးတစ်ယောက်ပဲ လမ်းကြောင်းသိတာမို့ နွေဦးပဲ ကားကိုမောင်း‌ေလ၏။ စိုင်းညီကတော့ နွေဦးဘေးမှ ထိုင်ပြီး  သူနဲ့ ယောင်းညိုကတော့ အနောက်ခန်းမှ ထိုင်လေ၏။

" ကျွန်တော် သွားချင်နေတာ အခုတော့ သွားရပြီး "

သူတို့ထဲမှထား၀ယ်ကို အသွားချင်ဆုံးက စိုင်းညီပေါ့။ " ဖိုးဖိုးကျောက် "ကမ်းခြေကိုအရမ်းသွားချင်နေပြီး အမြဲသွားချင်ကြောင်းလဲ  ပြောလေ့ရှိတဲ့လူ။

" မင်းကို တာ၀န်ခံပြီးခေါ်လာတာနော် စိုင်းညီ ရူပ်ရူပ်ရှပ်ရှပ်တော့ မလုပ်နဲ့ " နွေဦးက ‌‌ကြိုကာပြောလိုက်သည် စိုင်းညီကို။

" ကိုနွေဦးကလဲ ညီကဘာလုပ်ရမှလဲ အရမ်းပြောတာပဲ "

နွေဦးဆီက အပြောခံလိုက်ရတာမို့ စိုင်းညီတစ်ယောက် မျက်နှာက ဆူပုတ်ပုတ်ရယ်။

" မင်းအကြောင်းငါသိနေလိုလေ ငါသတိပေးနေရတာ "

နွေဦးအသံခပ်မာမာနဲ့ပဲ စိုင်းညီကိုပြန်ပြောလိုက်သည်။ စိုင်းညီကို ခေါ်လာရတာ တာ၀န်က ပေါ့သေးသေးမဟုတ်ပါ ။၁၀တန်းကျောင်းသားရဲ့ ဇ ကလည်း ဘယ်သေးမလဲ ?

" ကျစ် ..ကိုနွေဦးကလဲ ?"

ညီအကိုနစ်ယောက်မှ ရှေ့ခန်းကနေ စကားများနေတာကို  သူ့နဲ့ယောင်းညိုက ကြည့်ယုံသာ ကြည့်နေနိင်သည်။ နွေဦးက အမြဲစိုင်းညီရဲ့နေပုံထိုင်ပုံကိုမကြိုက်ကြောင်းအမြဲပြောတက်သည်။ စိုင်းညီက ‌ရုပ်လဲချောပြီး ပိုက်ဆံရှိတာကလဲတစ်ကြောင်း မိဘတွေက အလိုလိုက်ထားတာကလဲ တစ်ကြောင်း အပြောလေးတွေကအစ ညှက်နေတော့ သူကိုဆို မကြွေတဲ့မိန်းခလေးဘယ်ရှိပါမလဲ ?

" ကဲ ခရီးထွက်လာတာ ရန်ဖြစ်ဖို့လား ?"

ဂျီမင်ပြောလိုက်တော့မှ အရှေ့ကနစ်ယောက်သားက အသံတိတ်သွားကျသည်။ စိုင်းညီကတော့ သူ့အကိုကို့ တစ်ချက်တစ်ချက်တော့ ဘုကြည့်ကြ့ည့်သည်။ ဒါပေမဲ့ နွေဦးကတော့စိုင်းညီနဲ့ သိပ်အကြောမတည့်ပေ။

 နယ်မြေသစ်များစွာ (Complete)Tempat cerita menjadi hidup. Temukan sekarang