EP 3

4.2K 209 17
                                    

Jungkookအိပ်ယာထဲမှနိုးနိုးချင်း ရေချိုးပြီးနောက် အလှပဂေးလေးဘေးသို့ ပိုက်ဆံcardတစ်ကဒ်အားထားခဲ့ကာ အိမ်သို့ပြန်ခဲ့လေသည်။ မနေ့ညက တစ်ညလုံးပြန်မလာပဲ barမှာ သာယာနေတော့ အိမ်ကဂေးကောင် လည်တဆန့်ဆန့်နဲ့ မျှော်နေလောက်ရောပေါ့။

"ပွမ် ! ပွမ် !"

ကားဟွန်းသံကြားသည်နှင့် တံခါးကသခင်ကိုသိစွာ ပွင့်သွားလေသည်။ ထို့နောက် အိမ်ထဲသို့၀င်လာခဲ့၏။

"ကင်မ်ထယ်ယောင်း"

ခေါ်သော်လည်း အသံကပြန်မလာပေ။ ကျစ်! ဒီဂေးကောင် ဘာအချိုးချိုးနေတာလဲ။ မဂ်လာဆောင်ပြီးကတည်းက လူကိုအရေးတယူလုပ်သည်မရှိ။ ကိုယ်ယူထားတဲ့ယောကျာ်းဆိုပြီး နည်း‌နည်းလေးတောင်လေးစားမှုမရှိပေ။

"ကင်မ်ထယ်ယောင်း ! ကျစ် ! ဒီအချိန်ထိ အိပ်နေစရာလား"

"ဒုန်း !"

အပေါ်ထပ်အား ဒုန်းစိုင်းတတ်လာပြီးနောက် စိတ်မရှည်တော့ပဲ တံခါးကိုပါ စောင့်ကန်ပစ်လိုက်တာဖြစ်၏။

"ကင်မ်ထယ်ယောင်း ထစမ်း ဘယ်အချိန်ရှိ!"

စောင်ကိုဆွဲလှန်လိုက်စဉ် မြင်လိုက်ရသောမြင်ကွင်းကြောင့် ဂျောင်ကုမျက်လုံးတွေ ပြာဝေကုန်၏။ အိပ်ယာခင်းပေါ်၌ စွန်းထင်းနေသော နီရဲနေသည့်သွေးတွေက လူမြင်၍မကောင်းလောက်အောင်ပင်။ မနေ့က သူနှိုးတော့ ထိုသွေးကွက်ဒီလောက်ထိ မကြီးတာသေချာ၏။

"ကင်မ်ထယ်ယောင်း!"

နှိုးသော်လည်း နိုးမလာသောထယ်ယောင်းကြောင့် ဂျောင်ကု စိတ်တိုရမလို စိတ်ပူရမလို။ ထို့ပြင်သူသာတစ်ခုခုဖြစ်ရင် အပြစ်မကင်းခံစားရမှာသေချာ၏။

"ကင်မ်ထယ်ယောင်း"

ဖြူဖျော့နေသောနှုတ်ခမ်းသား‌တွေက တုတ်တုတ်မျှမလှုပ်ပေ။ အိပ်ယာခင်းကိုစမ်းကြည့်တော့လည်း စိုနေသေးသည်မို့ သွေးမတိတ်သေးတာ သေချာ၏။ ဒီတိုင်းသာဆက်ထားရင် သူသေသွားနိုင်သည်။

"ကျစ် !"

စိတ်ပျက်စွာကျစ်သပ်ရင်း ထယ်ယောင်းအားပွေ့ကာ အိပ်ယာ‌ဘေးရှိ ဆိုဖာပေါ်သို့ ခနရွှေ့ပေးလိုက်ပြီး အိပ်ယာခင်းတွေကို လဲရလေသည်။ သွေးတွေကအတော်များသည်မို့ အိပ်ယာခင်းတွေအား လျှော်ဖို့ပင်မသင့်တော့ပေ။ မဂ်လာဦးအိပ်ယာခင်းအား လွှင့်ပစ်ရတော့မည်။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now