ep 8

3.6K 183 5
                                    

"မင်းအပြင်မသွားခင် လေ့ကျင့်ခန်းလုပ်ကြမလား"

"ဟင်!"

ဂျွန့်စကားအဆုံး၌ မျက်လုံးလေးတွေ ဝိုင်းစက်သွားလေသော ထယ်ယောင်းပင်။ ထိုကိစ္စနှင့်ပတ်သတ်လျှင် နူးညံ့မှုမရှိတတ်သည့် ဂျွန့်အကြောင်းသူသိ၏။ ထိုကိစ္စကို ယခုလုပ်လျှင် ထယ်ယောင်းဒီတစ်ခေါက်လည်း ပြင်ဆင်ထားသည့် စားစကာတွေအား သွားပေးနိုင်မည်မထင်ပါ။

"ဟင့်! ဂျွန်!"

အတွေးလွန်နေစဉ် ငုံထွေးခံလိုက်ရသော ရင်ဘတ်ဆီမှ အသီးငယ်ကြောင့် ထယ်ယောင်းကျောလေးအနည်းငယ်ကြွတတ်သွား၏။ အကြိမ်ပေါင်းများစွာ ချစ်တင်းနှောခဲ့ဖူးပေမယ့်လည်း ယခုအချိန်ထိ ရင်းနှီးမှုမရှိလေသော ထိုအထိအတွေ့တွေ။ သူထိလိုက်တဲ့နေရာတိုင်းမှာ ပူကျန်နေခဲ့သလိုပင်။

"ဂျွန် ငါ! ငါ "

"ရှူး ပြီးရင်လိုက်ပို့မယ်"

ဆိုကာ ထယ်ယောင်းနှုတ်ခမ်းအား လက်ညှိုးဖြင့်ပိတ်ရင်းပြောလာ၏။ ထိုကိစ္စနှင့် ပတ်သတ်လာလျှင် တားမရတတ်သော ဂျောင်ကုအကျင့်ကြောင့် ထယ်ယောင်း နှုတ်ဆိတ်၍သာနေမိတော့၏။

🥵🥵🥵🥵

"မလိုက်လာနဲ့လို့ပြောနေတယ်နော်"

"babyကလည်းကွာ"

"ဘာ babyလည်း ဘယ်သူက babyလည်း လူကြီးဖြစ်လို့ ဆရာ၀န်တောင်လုပ်နေပြီ မတွေ့ဘူးလား သွေးစုပ်ဖုတ်ကောင်ရဲ့"

"သွေးစုပ်ဖုတ်ကောင် အဟက်! ဟုတ်တယ် မင်းရဲ့သွေးကိုပဲစုပ်မယ့် ဖုတ်ကောင်"

"ခများ!"

ကိုယ့်အား ကတ်ကတ်လန်စွာရန်တွေ့နေသော ဒေါက်တာအစွာလေးအားကြည့်ကာ ယွန်ဂီအော်ရယ်မိ၏။ သူ့နောက်ကိုတစ်ကောက်ကောက်လိုက်၍ စိတ်ဆိုးနေသော ထိုပေါက်စလေးကို ယွန်ဂီအမှန်ပင် အသည်းယားမိသည်။

"အဲဒါကြောင့် လူကြီးတွေကပြောတာပေါ့ ‌ခြေနှစ်ချောင်း မကယ်ကောင်းဆိုတာ အခုတော့ ကိုယ်ကယ်ထားတဲ့လူက ကိုယ့်ကိုစားဖို့ကြံနေပြီ"

ဂျီမင်းအပြောကြောင့် ယွန်ဂီထပ်ပြီးရယ်မိပြန်၏။

ထိုနေ့က ဂျီမင်းတစ်ယောက် ဆေးရုံ၌အရေးကြီးလူနာရှိနေ၍ အိမ်ပြန်နောက်ကျသည့်နေ့ပင်။ ညကြီးမိုးချုပ်မှပြန်လာသည်မို့ ကားကိုအမြန်မောင်းနေရခြင်းပင်။ တစ်နေရာအရောက်မှာတော့ လမ်းပေါ်၌လဲကျနေသောလူတစ်ယောက်ကိုတွေ့ရ၏။ ကားလမ်းကို ကန့်လန့်ဖြတ်ကာလဲနေသည်မို့ ဂျီမင်းသူ့အားကျော်သွား၍မရပေ။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now