ep 14

3.6K 204 6
                                    

ဂျွန်က ကုမ္ပဏီကိုခေါ်၍သာ လိုက်ခဲ့ရသော်လည်း ထယ်ယောင်း ဂျွန့်အား ဘာမှကူလုပ်မပေးနိုင်ပေ။ စာရင်းဖိုင်တွေတစ်ပုံကြီးနဲ့ အလုပ်ရှုပ်နေသောဂျွန့်အားကြည့်ကာ ထယ်ယောင်းမနေသာ။ ဂျွန်က ထိုသို့နေ့တိုင်းအလုပ်ရှုပ်နေတတ်သည်လား။ သူကသာအိမ်မှာအေးအေးဆေးဆေးနဲ့ စားလိုက်အိပ်လိုက် ဘိုဂမ်ဟျောင်းနဲ့လည်လိုက်ပဲ အချိန်ကုန်နေခဲ့တာဖြစ်သည်။

"ဂျွန်"

သူလှမ်းခေါ်တော့ အလုပ်လုပ်နေရာကနေ ခေါင်းမော့ကြည့်လာလေသည်။

"ဟို ငါ ငါ ကူလုပ်ပေးရမလား"

ထယ်ယောင်း စကားကြောင့် ဂျောင်ကုပြုံးကာ လုပ်လက်စစာရင်းဖိုင်ကို ပိတ်ပစ်လိုက်၏။

"လာ"

ဂျောင်ကုလှမ်းခေါ်တော့ ထယ်ယောင်းဆိုဖာပေါ်ထိုင်နေရာမှထကာ ဂျောင်ကုရှိရာစာရင်းခုံသို့လာခဲ့၏။

လှုပ်တုတ်လှုပ်ဖြင့်သာရောက်လာပြီး အနားရောက်တော့ ဘေး၌ကပ်ကာရပ်နေသောသူ့ကြောင့် ဂျောင်ကုသူ့ခါးကနေဆွဲကာ ပေါင်ပေါ်ထိုင်စေလိုက်၏။

"တကယ်ကူလုပ်ချင်လား"

"အင်း"

"ဒါပေမယ့် တစ်ခုရှိတယ်"

"ဟမ်!"

ဂျောင်ကုပြောတော့ ထယ်ယောင်းနားမလည်စွာပင် လှည့်ကြည့်လာ၏။ ဘယ်လိုတောင် အသည်းယားဖွယ်ကောင်းနေတာလဲ မောင့်ထယ်ရယ်။

"သင်ပေးရမယ့်အခက ဈေးကြီးတယ်နော်"

"ဘယ်လောက်တောင်လဲဟင်"

မျက်နှာညှိုးကာမေးလာသော ထယ်ယောင်းကြောင့် ဂျောင်ကုရယ်ချင်စိတ်ကို မျိုသိပ်ထားရလေသည်။ သူက ပိုက်ဆံတောင်းမည်ဟု ထင်ထားပုံရ၏။

"မောင်တောင်းမယ့်အရာက ဈေးကြီးတယ်နော်"

"အများ အများကြီးတော့ မတောင်းပါနဲ့ ငါမပေးနိုင်လောက်ဘူး"

"ပေးရမယ် "

အမိန့်ဆန်စွာထွက်လာသော ဂျွန့်စကားကြောင့် ထယ်ယောင်းဘာမှဆက်မပြောနိုင်စွာပင် ခေါင်းလေးငုံ့ထားမိ၏။ ချစ်ရသူ၏အမိန့်ကို မည့်သို့သောအင်အားဖြင့် လွန်ဆန်နိုင်ပါမည်နည်း။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now