ép 26

2.1K 110 30
                                    

사랑해요🤟

At LAX airport,

လေယာဉ်ကွင်းသို့ဆိုက်ရောက်လာပြီဖြစ်သော်လည်း စားသောက်ပြီးကတည်းက အိပ်လိုက်လာသည့် မိမိ၏ဗိုက်ကလေးမှာ ယခုထိမနိုးသေးပေ။ အိပ်ရေးပျက်မည်စိုး၍ မနှိုးချင်သော်လည်း လေယာဉ်ပေါ်၌လည်း ထိုင်နေ၍က မဖြစ်ပေ။ ဒီလိုမှန်းသိရင် ကိုယ်ပိုင် flightနဲ့ပဲ လာခဲ့ပါသည်။ ယခုတော့ ဗိုက်ကလေး အိပ်ရေးပျက်ရလေဦးမည်။

"ဗိုက်ကလေး"

"ဟင်"

ပခုံးအားခပ်ဖွဖွလှုပ်ကာ နှိုးလိုက်တော့ အိပ်မှုန်သုန်မွှားဖြင့် မျက်လုံ‌လေးအားပွတ်ကာ နိုးလာလေသည်။

"လေယာဉ်ဆိုက်ပြီ။ hotelရောက်မှပြန်အိပ်နော်။ မောင် bookingလုပ်ထားပြီးပြီ"

"အင်း"

ဗိုက်ကလေးအားနှိုးပြီးနောက် luggageအားယူကာ လေယာဉ်ပေါ်မှဆင်းလာခဲ့သည်။ hotelကိုလည်း လေယာဉ်ကွင်းနှင့်နီးမည့်နေရာကိုသာ ရွေးထားလေသည်။ ကိုယ်၀န်ဆောင်ထားသည့် ဗိုက်ကလေးအတွက် နေရာဝေးလျှင်အဆင်မပြေမည်ဆိုး၍ပင်ဖြစ်သည်။ လေယာဉ်ကွင်း၌ အသင့်စောင့်နေသော လာကြိုသည့်လူများအား အနည်းငယ်အသိအမှတ်ပြုလိုက်ပြီးနောက် တံခါးအသင့်ဖွင့်ထားသောကားထဲသို့ ဗိုက်ကလေးအားထိုင်စေလိုက်သည်။ ပြီးနောက်မှ ဗိုက်ကလေးဘေး၌ မိမိ၀င်ထိုင်လိုက်၏။

"အစ်ကိုလေး သခင်ကြီးက အိမ်လာခဲ့ပါဦးတဲ့"

ဂျောင်ကုကားထဲ၀င်၀င်ချင်းမှာပင် driverက ဂျောင်ကုအား အဂ်လိပ်စကားဖြင့် လှမ်းပြောလေသည်။

"အလုပ်တွေရှိသေးလို့ အလုပ်ပြီးမှလာမယ်လို့ပြောလိုက်"

"ဟုတ်ကဲ့"

အဂ်လိပ်စကားတွေဖြင့်သာပြောနေသော သူတို့စကားတွေအား ထယ်ယောင်းနားမလည်ဘဲ ကြောင်စီစီလေးသာဖြစ်နေမိသည်။ ထင်တာမှန်းရရင် Daddyတို့ Homeတို့အရ သူ့အဖေက အိမ်ကိုလာဖို့မှာလိုက်သည် ထင်ပါသည်။

ထယ်ယောင်း ကားထဲ၌ထိုင်နေရင်းမှ အရှေ့အ‌နောက်ကိုချာချာလည်ကြည့်ရင်း စူးစမ်းနေမိသည်။ ချမ်းသာတဲ့လူတွေများကျတော့ ဘာမှမဟုတ်တဲ့အရာလေးတောင် မလိုအပ်ဘဲ လူတွေအများကြီးသုံးကြသည်။ ယခုလည်း လေယာဉ်ကွင်းကိုလာကြိုသည်က ကား၇စီးဖြင့်ပင်။ အရှေ့သုံးစီး အနောက်သုံးစီးဖြင့် မိမိတို့ကားက အလယ်၌ဖြစ်သည်။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now