ép 18

3.2K 161 9
                                    

Clubကနေထွက်လာကတည်းက ဂျီမင်းဟျောင်းကို ဖုန်းဆက်ထားသည်မို့ အိမ်သို့‌ရောက်လေတော့ ဂျီမင်းဟျောင်းက အိမ်ပေါက်သို့ပင်ရောက်နှင့်နေပြီဖြစ်သည်။ ထိုသည်ကိုပင် ဂျောင်ကုဆင်းမကြိုအားပဲ တံခါးပွင့်စေရန် ဟွန်းသံပေးလိုက်ပြီးနောက် အိမ်ထဲသို့မောင်း၀င်လာခဲ့၏။

"ထယ်ယောင်း ဘာဖြစ်တာလဲ"

ဂျောင်ကုကားပေါ်မှဆင်းဆင်းချင်းပင် ဂျီမင်းကအနားသို့ပြေးလာကာ အမောတကောမေးလေသည်။

"သတိလစ်သွားတာဟျောင်း"

"ဘယ်လိုဖြစ်တာလဲ"

"အဲ့တာကို ပြီးကျရင် ပြောပြမယ် ဟျောင်း"

"အင်း"

ဂျီမင်းခေါင်းကိုသာငြိမ့်ပြလိုက်ပြီး ဂျောင်ကုသွားရာနောက်သို့ လိုက်ခဲ့၏။ ထယ်ယောင်းအားပွေ့ချီကာ အိပ်ခန်းရှိရာသို့ မပြေးရုံတစ်မယ်သွားနေသော ဂျောင်ကုအားကြည့်ကာ ဂျီမင်းပြုံးမိလိုက်သည်။ ဒါလား သူပြောတဲ့ မချစ်ဘူးဆိုတာ။ သူ့စိတ်သူပဲမသိတာလား သိရက်နဲ့ခေါင်းမာပြီးငြင်းဆန်နေသလားဆိုတာကို ဂျီမင်းတွေးရင်း ခေါင်းတစ်ခါခါဖြင့်သာ ဂျောင်ကုတို့အိပ်ခန်းထဲ ရောက်လာခဲ့၏။

ဂျီမင်းအခန်းထဲရောက်လာချိန်မှာတော့ ဂျောင်ကုက ထယ်ယောင်းအား အိပ်ယာပေါ်သို့နေရာချထားပေးပြီးသားပင် ဖြစ်နေလေပြီ။

"ဂျီမင်းဟျောင်း ထယ်ယောင်းကိုကြည့်ပေးပါဦး"

သတိလစ်နေသောထယ်ယောင်းအားကြည့်ကာ ဂျောင်ကုမှာ စိတ်မအေးနိုင်ပေ။ ကိုယ်၀န်လနုနေချိန်မှာ ထိုသို့တွေဖြစ်သွားသည်မို့ ပို၍စိတ်ပူရသည်ဆိုရင် မှန်ပါလိမ့်မည်။

ဗိုက်ကလေး၏ ရင်ဘတ်နှင့်ဗိုက်အား နားကြပ်ဖြင့်စမ်းသပ်ကာ သူ့ဘက်သို့လှည့်လာသော ဂျီမင်းဟျောင်းအား မျက်နှာငယ်လေးဖြင့်လှမ်းကြည့်မိသည်။

"ထယ်ယောင်းက စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး တစ်ခုခုကြုံခဲ့တာလား"

"ဟုတ်တယ် ဟျောင်း"

"မင်းတို့ဘာကြုံခဲ့လဲ ငါမသိဘူး ဒါပေမယ့် အခုထယ်ယောင်းစိတ်ထိခိုက်သွားတာက ကလေးအပေါ်မှာသက်ရောက်မှုရှိတယ် နောက်တစ်ခါဆိုသတိထား ဂျောင်ကု"

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now