EP 4

12K 262 10
                                    

စိတ်အလိုကြောင့်အရယူခဲ့မိသော်လည်း စိတ်ပြေသည်နှင့်ရပ်ပေးခဲ့သည်မို့ ထယ်ယောင်းအခံရသက်သာတာဖြစ်၏။ ထို့ကြောင့်လည်း ယနေ့သူမနိုးခင် ကိုယ်အရင်နိုးနေနိုင်တာပင်။ မဂ်လာပွဲပြီးသည့်နေ့ကတည်းက ဒီနေ့က ပထမဆုံးအစောထနိုင်သည့်နေ့မို့ ဂျွန် အတွက် နံနက်စာပြင်ဆင်ပေးခြင်းပင်။ ထို့အတွက်ကြောင့်လည်း အစောထကာပြင်ဆင်နေခြင်းပင်ဖြစ်သည်။ ဒီတစ်ခွက်ချက်လိုက် ဟိုတစ်ခွက်ချက်လိုက်နှင့် မမောနိုင်မပန်းနိုင်ချက်နေသော ထယ်ယောင်းပင်ဖြစ်လေသည်။

ဂျောင်ကုအိပ်ယာမှထ,ထချင်း နှာခေါင်းထဲတိုး၀င်လာသော အနံ့မွှေးမွှေးကြောင့် မျက်နှာသစ်ပြီးပြီးချင်းရေမချိုးပဲ အောက်ထပ်သို့ဆင်းလာခဲ့တာဖြစ်သည်။ ဂျောင်ကုကြိုက်သည့် ရေညှိထမင်းလိပ်လုပ်နေသည်မို့ အနံ့ရတာနှင့် တန်းသိတာဖြစ်၏။

"ကင်မ်ထယ်ယောင်း !"

မီးဖိုနား၌ အေပရွန်၀တ်ကာ ပြင်ဆင်နေသော ထယ်ယောင်းပင်။ ဂျောင်ကုခေါ်လိုက်တော့ လေးထောင့်ဆန်ဆန်အပြုံးလေးနှင့်ပြုံးရင်း လှည့်ကြည့်လာလေသည်။

"ဂျောင်ကုအတွက် ရေညှိထမင်းလိပ်နဲ့ ပဲခေါက်ဆွဲစပ်စပ်လေးလုပ်ပေးနေတာ"

"မင်းကို ဘယ်သူကလုပ်ခိုင်းလို့လဲ"

"ဟို !"

ဂျောင်ကုစကားကြောင့် ထယ်ယောင်းမျက်နှာ မထားတတ်အောင်ပျက်သွားရလေသည်။ ပျက်သွားသောမျက်နှာအား ဂျောင်ကုမမြင်စေရန် အမြန်ပင် မီးဖိုဘက်ပြန်လှည့်လိုက်ရလေသည်။ ဒီလိုလုပ်နေတာ သူ့ဆီကနေချီးမွမ်းခံရဖို့မဟူတ်ပေမယ့် အပြစ်မြင်ခံရမယ်ဟု မထင်ထားတာအမှန်ပင်။

"မင်းလုပ်ထားတာကို ငါက,စားမယ်ထင်လား"

"ငါ ! ဂျွန့် အတွက် သေချာလုပ်ပေးထားတာ"

"သွန်ပစ်လိုက် ရှင်းလား"

"ဟမ်! "

မထင်မှတ်ထားသော စကားကြောင့် ထယ်ယောင်းအံ့ဩသွားရတာ အမှန်ပင်။ သူမစားလျှင်တောင် မိမိကိုယ်တိုင်စားလို့ရသည်မဟုတ်လား။ အဆုံးစွန်ပြောရလျှင် လမ်းဘေး၌ရှိသော ချို့တဲ့ကလေးတွေအား သွားပေးလို့ရပါသေးသည်။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now