ép 22

3K 194 39
                                    

elevatorထဲကထွက်လာပြီးနောက် ရုံးခန်းထဲ၀င်လာ‌တော့ ဂျွန်ဝူးနှင့် ယူဟယ်ရာက အသင့်စောင့်နေလေသည်။ အသင့်စောင့်နေသော သူတို့အား ‌ဂျောင်ကုအရေးမစိုက်နိုင်သေးပဲ ထယ်ယောင်းကိုသာ ဆို‌ဖာပေါ်ဦးစွာတင်ပေးလိုက်သည်။

"ညောင်းနေတယ်မလား ခနလှဲအိပ်နေလိုက်"

"အဲ့လောက်ကြီးလဲ မဟူတ်ပါဘူး မောင်ရာ"

"မဟုတ်လည်း လှဲအိပ်နေပါ ကိုယ်၀န်နဲ့ဆိုတော့ အနည်းနဲ့အများ ပင်ပန်းမှာပဲလေ"

"ဟမ်!"

ဂျောင်ကုစကားအဆုံး၌ အံ့အားသင့်သွားသည်က ယူဟယ်ရာပင် ဖြစ်သည်။

"CEOအခု ဒီကoppaမှာ ကိုယ်၀န်ရှိတယ်လို့ပြောလိုက်တာလား"

သူမ,ကြားလိုက်ရသည့်စကားကို မယုံနိုင်စွာဖြင့် မေးလာသော ယူဟယ်ရာကြောင့် ဂျောင်ကုအနည်းငယ်ပင် မျက်ခုံးပင့်လိုက်မိသည်။ သူမ,အံ့ဩသည်ဆိုလျှင်လည်း အံ့ဩလောက်ပါသည်လေ။ ယောကျာ်းလေးတစ်ယောက်က ကိုယ်၀န်ဆောင်သည်ဆိုတာကို ယခုမှပထမဆုံးအကြိမ်အဖြစ် သူမ,မြင်ဖူးခြင်းပင် မဟုတ်ပါလား။

"ဟုတ်တယ် ဗိုက်ကလေးမှာ ကိုယ်၀န်ရှိနေတာ"

ထိုသို့ပြောလိုက်တော့ ယူဟယ်ရာ့မျက်လုံးတွေက အရောင်တလက်လက်ပင် ဖြစ်လာလေသည်။

"ဒါဆို ဒီoppaက ကလေးလေးမွေးမှာပေါ့နော်"

ယူဟယ်ရာက ၀မ်းပန်းတသာနှင့်ပြောနေသော်လည်း ထယ်ယောင်းမှာတော့ ရှက်လွန်းလှ၍ နားရွက်ဖျားလေးတွေပင်နီရဲနေလေပြီဖြစ်သည်။

"အိုက်ဂူး CEOနဲ့ ဒီoppaရဲ့ သားလေးက ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်မလဲနော် "

"နင်လည်း လိုချင်ရင် ဂျွန်ဝူးနဲ့ယူပြီးမွေးလေ"

CEOစကားကြောင့် ယူဟယ်ရာပြုံးနေရာမှပင် အပြုံးနင်သွားရလေသည်။ CEOကထိုသို့သောလူမျိုးပင်ဖြစ်သည်။ သူ၏ ကာမပိုင်လင်ယောကျာ်းလေးကလွဲလျှင် မည်သူ့အ‌ပေါ် မျှပင် ချိုသာတတ်ခြင်း အလျှင်းမရှိပါချေ။

"ဒေါက်! ဒေါက်"

"ဘယ်သူလဲ"

တံခါးခေါက်သံအဆုံး ထွက်လာသော ဂျောင်ကုအသံက ပျော့ပျောင်းခြင်းမရှိသည့်အပြင် ပြတ်သားလွန်းလှ၏။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now