ep 16

3.6K 206 35
                                    

"ထယ်"

မနက်စောစောစီးစီး ကြားလိုက်ရသောအသံကြောင့် ထယ်ယောင်းနှုတ်ခမ်းအစုံသည် ကကြီးကွေးဏ္ဌာန်လေးပေါ်သည်အထိပင် ပြုံးမိသည်။ မနက်ခင်းအချိန်မှာ ဂျွန့်ရဲ့ခေါ်သံချိုချိုလေးကြားရတာသာ ဘယ်လောက်တောင် သာယာလှတဲ့မနက်ခင်းလေးလဲ။

"ထယ် ထတော့လေ မောင်မနက်စာပြင်ထားတယ်"

မနက်စာပြင်ထားတယ်ဆိုသော ဂျောင်ကုစကားကြောင့် ထယ်ယောင်းမျက်လုံးလေး ဖျတ်ကနဲပင် ပွင့်သွားရလေသည်။ ဂျွန်က သူ့အတွက် မနက်စာပြင်ပေးထားသည်တဲ့လား။

မဂ်လာဆောင်ပြီးကတည်းက တစ်နှစ်နီးပါးကြာသည်အထိ လုံး၀မှဂရုမစိုက်ခဲ့တဲ့ ဂျွန်က ယခုသူ့အတွက် မနက်စာပြင်ပေးသည်တဲ့လား။

ဖြစ်ပေါ်လာသောပီတိစိတ်ကြောင့် ထယ်ယောင်းမျက်ရည်ပင် ဝဲတတ်လာရသည်အထိပင်။ ကလေးလေးအတွက်ကြောင့် သူ့ကိုဂရုစိုက်ပေးတယ်ဆိုရင် ထယ်ယောင်း ကျေနပ်ပါသည်။ ကလေးလေးကြောင့်ပဲဖြစ်စေ သူ့ကိုချစ်လို့ပဲဖြစ်စေ သူဂရုစိုက်ပေးသမျှက ကိုယ်ပဲခံရသည်မဟုတ်ပါလား။ သို့ပေမယ့်လည်း ထယ်ယောင်းကို သူမချစ်တာ ထယ်ယောင်းသာအသိဆုံး။

"ထယ်"

စောင်ကိုခေါင်းမြီးခြုံကာ အိပ်နေဆဲဖြစ်သည့် ဗိုက်ကလေးကြောင့် ဂျောင်ကုနောက်တစ်ခါထပ်နှိုးရပြန်သည်။ နဂိုကတည်းက အိပ်ပုတ်တတ်သည့်သူက ယခုဆိုကိုယ်၀န်ဆိပ်တတ်တာနဲ့ ပိုအိပ်လိမ့်ဦးမည်။

"ထယ် မထရင် ကိုယ်ကုမ္ပဏီသွား‌တော့မယ်"

"အယ် ငါ ငါထပါပြီ အ့!"

သူကုမ္ပဏီကိုသွားမည်ဆိုး၍ ရုတ်တရက်ထလိုက်မိသည်မို့ ထယ်ယောင်း ခေါင်းထဲက မိုက်ခနဲဖြစ်သွားရလေသည်။

"အဆင်ပြေရဲ့လား ဘာလို့ဗြုန်းဒိုင်းကြီးထတာလဲကွာ ကလေးရှိတယ်လေ ဂရုစိုက်မှပေါ့"

"ငါ ငါလောသွားလို့ပါ"

"ဟုတ်ပါပြီ မျက်နှာသွားသစ်လိုက်နော် ဗိုက်ကလေး မောင်ထမင်းစားဖို့ပြင်ထားတယ်"

"ဗိုက် ဗိုက်ကလေး ဟုတ်လား"

ဂျောင်ကု၏အခေါ်အဝေါ်ကြောင့် ထယ်ယောင်းရှက်သွေးသမ်းကာ ပါးမို့လေးတွေ ရဲတတ်လာရလေသည်။ အရင်ကလို ကင်မ်ထယ်ယောင်းလည်းမဟုတ် ထယ်လည်းမဟုတ်တော့ဘဲ ဗိုက်ကလေးတဲ့လား။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now