ép 21

3.2K 181 18
                                    

ရေချိုးပြီးပါပြီဆိုကတည်းက တောက်လျှောက်မှာတမ်းချွေနေသည့် ဂျောင်ကုကြောင့် ထယ်ယောင်းပြုံးနေရုံသာတတ်နိုင်တော့သည်။ ရေချိုးပြီးအကျီ၀တ်တော့လည်း 'မကြာစေနဲ့ အအေးပတ်လိမ့်မယ် မြန်မြန်၀တ်'ဟုဆိုကာ သူကိုယ်တိုင်၀တ်ပေး၏။

အ၀တ်အစားလဲပြင်ဆင်ပြီး ထမင်းစားရန်အောက်သို့ဆင်းတော့လည်း ချော်လဲမယ်ဖြေးဖြေးသွားဟုဆိုကာ လူကိုပွေ့မချီရုံတစ်မယ်ပင် တွဲကာစောင့်ခေါ်၏။ ထမင်းစားပွဲဆီရောက်ပြန်တော့လည်း 'အပူအစပ်တွေမစားနဲ့ ဗိုက်အောင့်လိမ့်မယ်။ အချိုတွေအရမ်းမစားနဲ့‌ ချောင်းဆိုးမယ်။ အဆီပါတာတွေ သိပ်မစားနဲ့ အီလိမ့်မယ်'ဆိုကာ ထမင်းပန်းကန်ထဲသို့ အတန်အသင့်သာဖြစ်သော ဟင်းကိုသာခပ်ထည့်ပေး၏။ အိမ်အကူခေါ်မထားသည့် ဤအိမ်တွင်ဟင်းချက်သူတွေက ဂျောင်ကုနှင့်ထယ်ယောင်းသာ။ အရင်ကတော့ ထယ်ယောင်းပဲအမြဲချက်သည်။ ချက်တိုင်းလည်း ဂျောင်ကုဆိုသည့်ထိုလူသားက တို့ကြည့်သည်ဟူ၍ပင်မရှိခဲ့။ ယခုကျပြန်တော့လည်း ဂျောင်ကုက စားဖိုမှူးတစ်ဦးပင် ဖြစ်နေလိုက်သေးသည်။ ဒါဆို သူမိုးလင်းခါနီးမှအိပ်တယ်ဆိုတာ မနက်စာအတွက် ချက်ပြုတ်နေခဲ့လို့ပေါ့။

အရင်က ဂရုမစိုက်တတ်ဘူးဆိုသည့် ထိုလူသားက ယခုလိုတွေပြုမူနေသည်မို့ ထယ်ယောင်းမှာထိုလူသားအပေါ် ပိုပြီးတိုး၍သာအချစ်တွေပိုနေမိသည်။ အရင်ကလျစ်လျူရှုခဲ့သမျှအား အခုမှအတိုးချကာ ဂရုစိုက်နေသလိုပင်။

"မောင်နဲ့ ကုမ္ပဏီကိုလိုက်လာပြီးရင် ဂျီမကျရဘူးနော် အခုတလော မောင့်ဗိုက်ကလေးကအရမ်းဂျီကျလွန်းတယ်"

"ဂျွန်က ငါ့ကိုငြိုငြင်တာလား"

ထမင်းစားနေရင်းမှ မျက်နှာငယ်လေးဖြင့်မေးလာသော ထယ်ယောင်းကြောင့် ဂျောင်ကုစားလက်စ ထမင်းဇွန်းကိုပင်ချကာ အမြန်ထယ်ယောင်းဘက်သို့လှည့်လိုက်ပြီး ထယ်ယောင်းပါးမို့မို့‌လေးနှစ်ဖက်အား လက်နှစ်ဖက်ဖြင့် အသာထိကိုင်လိုက်ကာ

"မောင်က အဲ့လိုပြောတာ မဟုတ်ပါဘူး မောင့်ဗိုက်ကလေးက အခုတလောကလေးလေးရှိနေ‌တော့ အရင်ကလိုမဟုတ်ပဲ အရမ်းဂျီတာလေ ကျန်တဲ့အချိန်က ပြသနာမရှိပေမယ့် မောင်အလုပ်လုပ်နေတဲ့အချိန်ကျ ဗိုက်ကလေးအလိုကို မောင်ကလိုက်ပေးနိုင်မှာမဟုတ်ဘူးလေ အဲ့ဒီအခါကျ ဗိုက်ကလေး စိတ်ခုသွားမှာစိုးလို့ မောင်ကကြိုမှာတာပါ"

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now