ep 9

3.7K 183 20
                                    

အခုဆို ဂျွန်နဲ့ထယ်လက်ထပ်ခဲ့တာ ငါးလတင်းတင်းပြည့်ခဲ့ပြီဖြစ်၏။ အချိန်တစ်ခုသာကြာခဲ့ပြီဖြစ်သော်လည်း ဂျောင်ကုနဲ့ထယ်‌ယောင်းရဲ့ဆက်ဆံရေးမှာတော့ တိုးတတ်လာခြင်းအလျင်းမရှိပေ။ အရင်အတိုင်းသာ ဂျွန်ကစိမ်းကားနေဆဲပင်။ သို့ပေမယ့် ထယ်ယောင်း၌သူငယ်ချင်းအသစ်ရှိလာပြီဖြစ်၏။

ထိုသူကား ပတ်ဘိုဂမ်ဆိုသူဖြစ်သည်။ ဂျွန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မိုးလင်းတိုင်းအိမ်ရှေ့သို့ရောက်လာတတ်သည့်သူ့ကြောင့် သနားကာ သူငယ်ချင်းဖြစ်ဖို့ ထယ်ယောင်းခွင့်ပြုပေးခဲ့တာဖြစ်၏။ သုံးလတိတိတစ်ရက်မှမပျက်ပဲ အိမ်ရှေ့သို့လာစောင့်တတ်သည့်သူ့ကို ယခုလိုအခွင့်အရေးပေးမိတာ ထယ်ယောင်းလွန်သည်မထင်ပါ။ ဘိုဂမ်ဟျောင်းကတစ်ကယ်ကိုကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပင်။ ဂျွန့်ဆီကမရသည့် ဂရုစိုက်မှုတွေကို သူနှင့်မှသာ ရခဲ့တာဖြစ်၏။ ဘိုဂမ်ဟျောင်းက ကျွန်တော့်အတွက်တော့ သူငယ်ချင်းထက်ပိုတဲ့အကိုတစ်ယောက်ပါပဲ။သူကလည်းညီလေးတစ်ယောက်လိုသဘောထားသည်မို့ ထယ်ယောင်းတို့ဆက်ဆံရေးက ပို၍ပြေပြစ်ခဲ့၏။

မိဘတွေဆီကမရခဲ့သည့် ဂရုစိုက်မှုတွေ လက်ထပ်ထားသူဆီက မရသည့်ကြင်နာမှုတွေကို ဘိုဂမ်ဟျောင်းဆီကရခဲ့ရသည်မို့ ထယ်ယောင်း သူ့ကိုသိပ်ခင်ပါ၏။

"ထယ် ဟျောင်းတို့ တစ်ခုခုသွားစားမလား"

"မစားတော့ဘူးဟျောင်း"

ထယ်ယောင်းအပြင်ထွက်လာတာ သိပ်ကြာနေပြီမို့ ဟျောင်းနှင့်နေ့လည်စာအတူစားဖို့ကို ငြင်းလိုက်ရတာဖြစ်၏။ မနက်ကတည်းကအပြင်ထွက်လာတာပြီး ယခုထိအိမ်မပြန်သေးတာကို ဂျွန်သိရင် ထယ်ယောင်း ဂျွန်ပြောတာကိုခံရဦးမည် မဟုတ်လား။ ထို့ကြောင့်လည်း ဟျောင်းကိုငြင်းကာ အိမ်ပြန်ပို့ခိုင်းရတာဖြစ်၏။

"တကယ်ပဲ အိမ်ပြန်တော့မှာလား ထယ်"

"ဟုတ်ဟျောင်း ကျွန်တော်အပြင်ထွက်လာတာကြာပြီလေ"

"အင်းပါ ထယ်ပြန်မယ်ဆိုလည်း သဘောပါ"

ဘိုဂမ်စိတ်မပါပေမယ့်လည်း ဟန်ဆောင်ကာပြုံးထားရ၏။ ထယ်ယောင်းသာအဆင်ပြေနေရင် သူဘယ်လိုပဲနေရနေရအဆင်ပြေတာမို့ ထယ်ယောင်းစိတ်ချမ်းသာဖို့ကသာ အရေးကြီးဆုံးပင်။ လက်တွေ့မှာ သူနဲ့အချိန်တွေအကြာကြီးထပ်ဖြုန်းချင်ပေမယ့်လည်း မြတ်နိုးရသူကပြန်မယ်‌ဆိုတော့လည်း သူ့သဘောပဲပေါ့။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now