ep 17

3.3K 186 11
                                    

အိပ်ပျော်နေသူအား ပွေ့ချီကာ clubထဲ၀င်တော့ လူတိုင်းက ကွက်ကြည့်ကွက်ကြည့်နှင့်ပင်။ တစ်ချို့ကလည်း တီးတိုးပြောဆိုနေကြသေး၏။ LGBTတွေပေါသည့် ဤခေတ်မှာ သူတို့တီးတိုးပြောဆိုနေတာတွေက ကန့်ကွက်ခြင်းမဟုတ်တန်ရာကိုတော့ ဂျောင်ကုကောင်းကောင်းသိ၏။ ကောင်းသည်ဆိုးသည်ကိုတော့ အမှန်အကန်ပင် သူတို့ဝေဖန်နေကြလိမ့်မည်။ သို့ပေမယ့် ဂျောင်ကုမစိုက်ပါ။ အရင်ကဆို ဒီလိုအမူအရာမျိုးတွေကို ဂျောင်ကုသတိထားကာ သိက္ခာအတွက်ကာကွယ်နေလိမ့်မည်ဆိုပေမယ့်လည်း ယခုတော့ မဟုတ်တော့ချေ။ ကိုယ့်အတွက်နဲ့ ယောကျာ်းလေးတစ်ယောက်ဖြစ်တာတောင် ရင်သွေးလေးလွယ်ပေးထားသည့်သူ့အတွက် ဂျောင်ကု သန်မာမှရမည်။ သူ့အတွက်တင်မကပါပဲ နောင်တစ်ချိန်လူ့လောကထဲရောက်လာမည့် ကလေးအတွက်ပါ ဂျောင်ကုအများကြီးသန်မာရဦးမည်။

"ချိန်းထားတာရှိပါသလား လူကြီးမင်း"

အထဲကို၀င်လာ‌တော့ လူတစ်ယောက်ကလာမေး၏။ သပ်သပ်ရပ်ရပ်နှင့် ၀တ်စားထားသည်ကိုကြည့်ရုံနှင့်ပင် ထိုသူက club ၌ အရေးပါသူတစ်ဦးဖြစ်မှန်း ဂျောင်ကုရိပ်မိလိုက်လေသည်။

"ကင်မ်မီဆိုနဲ့ ချိန်းထားတာ"

ခပ်တည်တည်နှင့် အေးစက်စက်သာပြောလာသော ဂျောင်ကုအားကြည့်ကာ ထိုလူအနည်းငယ်ရှိန်သွားပုံရသည်။ ချက်ချင်းခေါင်းငုံ့ကာ အကိုအသေပေးလာလေ၏။

"ဒီဘက်ကြွပါ လူကြီးမင်း"

ထယ်ယောင်းအားချီထားလျက်သားပင် ထို‌လူလမ်းပြသည့်နောက်သို့ ဂျောင်ကုလိုက်လာခဲ့လေသည်။ အောက်ထပ်၌ လူတွေရှုပ်နေသောလည်း အပေါ်ထပ်၌တော့ လူတွေရှင်းနေ၏။ သို့သော်လည်း အခန်းတွေက လူသွားလမ်း၏ ဘေးနှစ်ဖက်တစ်လျှောက်အပြည့်ပင်ဖြစ်သည်။ တစ်ခါတစ်ခါထိုအခန်းတွေဆီကနေ sexလုပ်နေတဲ့အသံတွေကြား‌ရသေး၏။ ဗိုက်ကလေး နိုးမနေတာတော်သေးသည်။

"ဒီမှာ ခနထိုင်နေပါဗျ ကျွန်တော် ကင်မ်မီဆိုကိုသွားခေါ်ပေးပါ့မယ်"

"ငါ့မှာအချိန်သိပ်မရှိဘူး"

"ဟုတ်ကဲ့ပါ လူကြီးမင်း"

VIP ဧည့်ခန်းထဲ၌ ထိုင်ခိုင်းထားကာ ကင်မ်မီဆိုကိုသွားခေါ်ပြီဆိုကာမှ ဗိုက်ကလေးအားနှိုးရလေသည်။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now