ep 15

3.8K 191 14
                                    

"ဂျောင်ကု ထယ်ယောင်းမှာ ကိုယ်၀န်ရှိနေပြီ"

ကြားလိုက်ရသောစကားကြောင့် ဂျောင်ကုကိုယ့်နားကိုယ်တောင်မယုံနိုင်ဖြစ်သွားရလေသည်။ ထယ့်မှာ ကိုယ်၀န်ရှိသည်တဲ့လား။ သူက သူကယောကျာ်းလေးတစ်ယောက်လေ ဘယ်လိုဖြစ်ပြီး ကိုယ်၀န်ရှိရတာလဲ။ လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ။

မထင်မှတ်ထားသော အ‌ခြေအနေကြောင့် ဂျောင်ကု ခြေမကိုင်မိ လက်မကိုင်မိဖြင့် ဘာလုပ်ရမှန်းမသိ။ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား။သူထယ်ယောင်းကိုချစ်ဖို့ ကြိုးစားခဲ့တယ်။ ဟုတ်တယ် သူကြိုးစားခဲ့တယ်။ သို့ပေမယ့် သူထယ့်ကို လက်ခံနိုင်လောက်သည်အထိမချစ်နိုင်သေးပါ။ လက်ခံနိုင်ဖို့အတွက် ကြိုးစားနေတုန်း ဒီလိုအခြေအနေတွေ ကြုံတွေ့လာရသည်မို့ ဂျောင်ကုဘယ်လိုရှေ့ဆက်ရမည်ပင်မသိ။

"ဂျောင်ကု"

အခြေအနေကို နားလည်သောဂျီမင်းက ဂျောင်ကုပခုံးအားခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေး၏။ ထိုသည်ကိုပင် မကျေနပ်စွာစိုက်ကြည့်နေသော ယွန်ဂီပင်။

"baby"

အတော်နှင့်ပင် ဂျောင်ကုပခုံးကိုပုတ်၍မပြီးသော babyလက်အားဆွဲယူကာ ခပ်တင်းတင်းဆုပ်ကိုင်ပစ်လိုက်သည်။ ဂျီမင်းဆိုသည့်ကောင်လေးရဲ့ ဖြစ်တည်မှုတိုင်း လုပ်ရပ်တိုင်းက သူ့အတွက်ပဲမို့ ဘယ့်သူ့ကိုမှထိတာ မကြိုက်အောင်ထိ သ၀န်တိုပါသည် ။

"ဂျောင်ကု ထယ်ယောင်းက မင်းကိုပြောပြဖူးလား သူ့မှာ မိန်းမတစ်ယောက်လို ကိုယ်၀န်ဆောင်နိုင်တဲ့သားအိမ်ပါတယ်ဆိုတာ အဲ့ဒါက လူတစ်ထောင်မှာတစ်ယောက်ဖြစ်ခဲလှတဲ့ဖြစ်စဉ်ပဲ။ ဒီအရာက မလိမ်ညာတမ်းပြောရရင် မင်းအတွက်ဘုရားပေးတဲ့ဆုဆိုပေမယ့် သူ့အတွက်ကတော့ ဘုရားပေးတဲ့ပြစ်ဒဏ်ပဲ။ ယောကျာ်းလေးတစ်ယောက်ဖြစ်ပါလျက်နဲ့ အခုလိုတွေဖြစ်နေရတာ။ ပြီးတော့ ယောကျာ်းလေးကိုယ်၀န်က အသက်နဲ့တောင်ရင်းပြီး စောင့်ရှောက်ရမှာ နည်းနည်းလေးမှပေါ့ဆလို့မရဘူး။ မင်းလည်းသိမှာပါ သဘာ၀နိယာမတရားနဲ့အညီ ကိုယ်၀န်လွယ်တဲ့ မိန်းကလေးတွေတောင် အရမ်းဂရုစိုက်ရတဲ့ ဒီလိုအချိန်မှာ ယောကျာ်းလေးတစ်ယောက်က သူတို့ထက်အဆပေါင်းများစွာသော ဂရုစိုက်မှုတွေပြုပေးရမှာ"

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now