ep 12

4K 194 24
                                    

ဂျီမင်းအိမ်ကပြန်လာပြီးနောက် ကိတ်မုန့်ဆိုင်သို့၀င်ကာ ကိတ်မုန့်၀ယ်ပြီးနောက် အိမ်သို့ပြန်လာခဲ့၏။ ရုံးကနေပြန်လာခဲ့တာ ငါးနာရီဆိုပေမယ့်လည်း ဂျီမင်းအိမ်၀င်သည်နှင့် ကိတ်မုန့်၀ယ်သည်နှင့်ဆိုတော့ အိမ်ပြန်ရောက်လာချိန်မှာ ခုနစ်နာရီထိုးလုလုပင်ရှိနေလေပြီ။ အိမ်ထဲသို့၀င်လာလာချင်း ဆီးကြိုလာသော အမှောင်ထုကြောင့် ဂျောင်ကုမျက်မှောင်ကြုံ့လိုက်မိ၏။ ညမှောင်နေတာတောင် တစ်အိမ်လုံးမီးမထွန်းပဲ အိမ်ထဲမှာသူဘယ်လိုနေ,နေတာလဲ။

အိမ်ထဲ၀င်၀င်ချင်းမီးခလုတ်ရှိရာကိုစမ်းကာ မီးကိုဖွင့်လိုက်၏။ တိတ်ဆိတ်နေသော ပတ်၀န်းကျင်ကကြီးစိုးနေသည်မို့ ဂျောင်ကုစိတ်တို့ကအလိုမကျမိ။ သူမရှိတုန်းမှာ ထိုလူသားအပြင်လျှောက်သွားနေတာလား။ တွေးမိရင်း ထယ်ယောင်းအားမျက်လုံးထဲမြင်ယောင်ကာစိတ်တိုမိသည်။ ဘာရယ်ကြောင့်ဆိုတာ မသိပေမယ့်လည်း ထိုလူသားအား ကိုယ့်အနားကလွဲလျှင် မည်သူ၏အနားမှရှိမနေစေချင်ပါ။ ထိုလူသားကို ဂျောင်ကုဆိုတဲ့ဒီကောင်ပဲ မုန်းချင်တာ၊ အနိုင်ကျင့်ချင်တာ၊ ကိုယ့်ကြောင့်ပဲပျော်စေချင်တာ၊ ပြုံးစေချင်တာ။ အကုန်ကုန်ပြောရရင် သူအသက်ရှူရင်တောင်မှ ဂျောင်ကုကြောင့်ဆိုပြီး အသက်ရှူစေချင်တာ။

"ကင်မ်ထယ်ယောင်း"

ခေါ်သော်လည်းအသံပြန်မလာသည်မို့ ကြည်နေသည့်စိတ်က ခပ်နောက်နောက်ဖြစ်နေလေပြီ။

"အိပ်ခန်းထဲမှာရှိရင်ရှိပေါ့ မဟုတ်ပဲ အပြင်သွားတာဆိုရင် မင်းသေမယ် ကင်မ်ထယ်ယောင်း"

အံကြိတ်ကာကြိမ်းပြီးနောက်အပေါ်ထပ်သို့ တတ်လာခဲ့၏။ ထို့နောက်တံခါးအား အသာတွန်းကာဖွင့်လိုက်၏။

"အဟွန်း"

အိပ်ယာပေါ်၌စောင်ကိုခြုံကာ ကွေးကွေးလေးအိပ်နေသော ထယ်ယောင်းကြောင့် ဂျောင်ကုပြုံးလိုက်မိခြင်းပင်။ ထိုအပြုံးသည် ထယ်ယောင်းအိပ်ယာထက်၌ရှိနေခြင်းမို့ပြုံးမိတာက ဗေဒင်တွက်စရာမလိုအောင်မှန်လိမ့်မည်။ ထိုနည်းတူစွာပင် ထယ်ယောင်းသည်ထိုအိပ်ယာပေါ်မရှိခဲ့ပါက ပြုံးနေ‌သော ဂျောင်ကု၏မျက်နှာမှာ အလိုမကျခြင်းများစွာဖြင့် ခက်ထန်နေသည်မှာလည်း မလွဲဧကန်ပင်။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now