ep 5

4.4K 211 25
                                    

သတိလစ်နေသောထယ်ယောင်းအား အကျီတွေကို ပြန်၀တ်ပေးလိုက်ပြီးနောက် မိမိသွားမည့်နေရာဖြစ်သော ကုမ္မဏိသို့သာ ခေါ်လာခဲ့၏။ သူကြောင့်အတွက်နှင့် အနည်းငယ်အလှမ်းဝေးနေပြီဖြစ်သောအိမ်ကို ပြန်ပို့ပြီးခရီးဖင့်မခံနိုင်ပေ။

ကားစောင့်သည်ဆိုလျှင်လည်း အိမ်ရှေ့တင်မစောင့်ပါဘဲ အဘယ်ကြောင့် အဝေးတစ်နေရာထိလာစောင့်သည်ကို ဂျောင်ကုနားမလည်ပေ။ တုံးတယ်ပြောရင်လည်း မျက်နှာငယ်နှင့်ဖြစ်ဦးမည်။ တစ်ကယ်တမ်းတုံးသည်ဆိုသည်မှာလည်း သူ့အပြင်နှစ်ယောက်မရှိပေ။ ထုံတုံတုံနဲ့ ကြည့်မရသည့်သူထဲတွင် ကင်မ်ထယ်ယောင်းဆိုသူက ထိပ်ဆုံးပင်။

ကုမ္ပဏီကိုရောက်သည်နှင့် ကားကိုပါကင်၌ ကားကိုထိုးကာ သတိမေ့နေသူအားပွေ့ချီ၍ ရုံးခန်းရှိရာသို့ လာခဲ့လေသည်။ အထပ်ပေါင်းငါးဆယ်ကျော်ဖြင့် တည်ဆောက်ထားသော Jeon companyကြီးက ခန့်ညားထယ်ဝါလှစွာ တည်ရှိနေ၏။ မြေညီထပ်ကနေ ဂျောင်ကု၏ရုံးခန်းရောက်ဖို့ကို မိနစ်အနည်းငယ် ဓာတ်လှေကားစီးပြီးမှ သွားရတာဖြစ်၏။ အပေါ်မရောက်လွန်း အောက်မရောက်လွန်းနှင့် ၂၇ထပ်မြောက်မှာ ဂျောင်ကု၏ရုံးခန်းကိုထား,ထားတာပင်။ ထယ်ယောင်းအားပွေ့ချီကာ ဓာတ်လှေကားဆီလာရသည်မို့် မြေညီထပ်ရှိ၀န်ထမ်းမလေးများက စပ်စုစွာလှမ်းကြည့်သော်လည်း ဂျောင်ကု၏အကြည့်စူးစူးနှင့် ဆုံရသည်မို့ ပြန်လှည့်သွားကြ၏။

ကုမ္ပဏီ၌ ဓာတ်လှေကားကို နှစ်မျိုးထား,ထားတာဖြစ်၏။ ၀န်ထမ်းတွေအတွက် အဆင်းအတတ်လုပ်ဖို့တစ်ခုနှင့် Jeonအိမ်တော်ကလူတွေအတွက်သီးသန့်ဆိုပြီးတစ်ခုထားတာဖြစ်၏။ Jeonအိမ်တော်နှင့်ပတ်သတ်သူကလည်း Jeonတစ်ယောက်ယောက်၏အမှတ်အသားပါမှသာ အသိအမှတ်ပြုခံရတာဖြစ်သည်။ ဥပမာ ထယ်ယောင်းလိုမျိုးအသွေးအသားချင်းဖလှယ်ပြီး အမှတ်အသားပေးခံရသူ သို့မဟုတ်လည်း ဆိုယောင်းလို Jeonကိုယ်တိုင်က ချစ်သူဟု သတ်မှတ်ပေးထားသည့် အသိအမှတ်ပြုမှုရှိရမည်။ မဟုတ်လျှင် ဓာတ်လှေကားက လက်မခံ‌ဘဲ ငြင်းဆန်၏။

မည်သို့သောကုထုံးမျိုးတွေနဲ့ ဓာတ်လှေကားကိုတည်ဆောက်ထားလဲမသိပေမယ့် အမှတ်အသားမပါရင် တံခါးက လုံး၀မပွင့်တာဖြစ်၏။ လိမ်ညာပြီး၀င်ခဲ့ရင်တောင် ဓာတ်လှေကားထဲရောက်ရင်ပြသနာဖြစ်တာပင်။ ထို့ကြောင့် ထိုဓာတ်လှေကားသည် Jeonမျိုးရိုးအတွက်သာ သီးသန့်တည်ရှိလာတာဖြစ်၏။

REAL LOVE {M_Preg} {Complete} Taekook Fanfiction Where stories live. Discover now