4

1.1K 169 4
                                    

ငှားစီးလာတဲ့ Taxi က လမ်းမ မှာပဲရပ်ပေးခဲ့တာမို့ Jennie ထိုအိမ်ရှိရာကို လမ်းလျှောက်သွားရတော့မည်။ အစက Doctor နှင့်လာဖို့လုပ်သော်လည်း သွားခါနီးအလိုမှ အရေးပေါ်ခွဲစိတ်မှုတစ်ခုရှိနေ၍ သူမ တစ်ယောက်တည်းလာလိုက်ရလေသည်။ လယ်ကွင်းအလယ်နားလောက်မှာ အုပ်ဆိုင်းနေသော သစ်ပင်ကြီးတစ်ပင်နဲ့အတူ တစ်ထပ်အိမ်ကလေးတစ်လုံးက အထီးကျန်စွာတည်ရှိနေသည်။ စာရေးဆရာတွေဟာ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကို သဘောကျကြတယ်။ စာရေးဖို့ အာရုံစူးစိုက်နိုင်တာမို့လေ။ ဒါပေမဲ့ Doctor သူငယ်ချင်း စာရေးဆရာမကတော့ လူတွေရဲ့ အဝေးတစ်နေရာမှာ နေချင်တဲ့လူသားတစ်ယောက်ဆိုပါစို့။
Rosellita နဲ့ ChaeYoung ဟာ တစ်ထပ်တည်းကျရဲ့လား။ တကယ်တော့ Jennie အနေနဲ့ Rosellita ကို ဘယ်သူလဲ ဆိုတာ တကယ်ပဲမသိချင်။ သို့သော်လည်း မတတ်နိုင်ပေ။ ခြောက်သွေ့နေတဲ့ မြက်ရိုင်းရှည်တွေကို တဆုံးငေးကြည့်ရင်း ​လေထုထဲမှာ သူမ ရှာဖွေနေခဲ့တဲ့ မြက်ခြောက်တွေရဲ့ရနံ့ပါလိုပါငြား အားရပါးရ ရှုရှိုက်လိုက်လေသည်။

ပြောင်းလဲမှုတစ်ခု ဖြစ်စေနိုင်တဲ့ လေပြေလေးပဲ။

ခြံရှေ့ရောက်တော့ ခွေးနှစ်ကောင်က သူမကို ဟောင်နေတာမို့ ခြေလှမ်းတွေက နောက်ဆုတ်သွားသည်။ ခွေးဟောင်သံကြောင့် အိမ်ရှေ့တံခါးမကြီးက ပွင့်လာပြီးနောက် အညိုရောင် တုတ်ကောက်တစ်ချောင်းကို အရင်မြင်လိုက်သည်။ လူတစ်ယောက်လုံးထွက်လာတာကို မြင်လိုက်ရချိန်မှာတော့

"ဟင်! "

(Jenny
ကျွန်မ Park ကို စတွေ့တာဟာ နွေရာသီရဲ့ ညနေခင်းတစ်ခုမှာပေါ့။ ကျွန်မက စက်ဘီးစီးရင်းလေညှင်းခံနေခဲ့တာလေ။ပုံမှန်ဆို ကျွန်မ စက်ဘီးစီးလေ့မရှိဘူး။ ညနေခင်းလေနုကလေးကတော့ အိုက်စပ်မှုကို အနည်းငယ်ပြေလျော့စေတာပေါ့။ ကျွန်မတွေးမိတာက Park နဲ့ တွေ့ဆုံနိုင်ဖို့ ထိုရက်မှာ ကျွန်မအနေနဲ့ စက်ဘီးစီးချင်စိတ်ဖြစ်ပေါ်လာရမယ်။ ကျွန်မခေါင်းမှာစည်းနှောင်ထားတဲ့ ဖဲကြိုးကလည်း လေအဝေ့မှာ လွင့်သွားရမဲ့အပြင် တိုက်တိုက်ဆိုင်ဆိုင်နဲ့ Park ထိုင်နေတဲ့ သစ်ပင်နားက ခုံနားကို ကျသွားရမယ်။ ကျွန်မတို့အကြောင်းကို ဝတ္ထုရေးနေသူ ကံကြမ္မာဇာတ်ဆရာရဲ့ အလိုအတိုင်း ကျွန်မတို့က ကပြနေရသလိုလေ။ ဒါတွေက အများပြောကြသလိုမျိုး ရေစက်ပါလာလို့ဆုံတွေ့ရတာ ၊ ဖူးစာပါလာရင် ရှောင်လွှဲလို့မရဘူးတို့ ဆိုတဲ့ ဖန်တရာထေ အက်ကြောင်းထပ်နေတဲ့ အကြောင်းအရာထက်စာရင် ကျွန်မကတော့ ကျွန်မနဲ့Park တွေ့ဆုံမှုကို တခြားခေါင်းစဥ်တစ်ခုအနေနဲ့ ဖော်ပြချင်တယ်။ အဲ့ဒါကတော့ ကျွန်မရဲ့နှလုံးသားက လိုအပ်နေတဲ့ အချစ်တစ်ခုဆီကို တန်းတန်းမတ်မတ် ရောက်အောင် သွားနိုင်ဖို့ မမြင်ရတဲ့ ငြိတွယ်မှုတွေကမှ တဆင့် ပို့ဆောင်ပေးခဲ့တယ်လို့ထင်တယ်။ ပြီးတော့ ကျွန်မရဲ့ဖဲကြိုးလေးကို ကိုင်ထားတဲ့ Park က ကျွန်မကိုတလှည့် သူ့လက်ထဲက ဖဲကြိုးကိုတလှည့်ကြည့်ရင်း ဝမ်းနည်းသွားတဲ့ပုံရိပ်ဟာ သူ့ကို ကျွန်မချစ်သွားစေခဲ့တဲ့ အကြောင်းအရင်းသာဖြစ်တယ်)

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Where stories live. Discover now