Special Episode

2.4K 204 15
                                    

Young ရဲ့ စာအုပ်ထဲမှာတော့ Jennie ရဲ့ Young အပေါ်ထားတဲ့ အချစ်တွေသာ ထင်ထင်းရှားရှားရှိနေခဲ့တယ်။ Young က သူ့အချစ်တွေကို တခြားသူတွေ မြင်သာအောင် ဖော်ကြူးမဲ့ လူတစ်ယောက်မှမဟုတ်တာ။ Young က Jennie ကို သိပ်ချစ်တဲ့အကြောင်းကိုတော့ Jennie တစ်ယောက်တည်းကပဲ ခံစားသိရှိနိုင်မယ်။

လန်ဒန်ရောက်ပြီး တစ်နှစ်လောက်အကြာမှာ ဖေဖေဆုံးပြီဆိုတဲ့အကြောင်း သတင်းရလိုက်တဲ့အချိန် Young လုပ်ပေးတာက Jennie လက်တွေကိုဆုပ်ကိုင်ပေးထားခြင်းပဲ။Jennie ကိုသူ့ရဲ့ရင်ခွင်ထဲ ဆွဲသွင်းပေးထားရင်း တသိမ့်သိမ့်ရှိုက်ငိုပြီး တုန်ယင်နေတဲ့ Jennieရဲ့ကျောပြင်ကို ဖွဖွလေးပွတ်သပ်ပေးနေခဲ့တယ်။ အရမ်းဝမ်းနည်းလာတဲ့အခါမျိုးဆို Jennie ဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်လေ့ရှိတယ်။ နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်မိနေတဲ့ Jennie ကို Young က အနမ်းတွေလာပေးနေတာပါပဲ။ အဲ့ဒီအချိန် Jennie ရဲ့အသိထဲမှာ ကိုယ့်နှုတ်ခမ်းကိုယ် ပြန်ကိုက်နေတယ်ပဲထင်ခဲ့တာ။ တကယ်တမ်းကျ အဲ့ဒီရက်မှာ Young ရဲ့ နှုတ်ခမ်းပေါက်သွားခဲ့တာပေါ့။

Young နဲ့တွဲနေစဥ်တလျှောက်မှာ Young ငိုတာတစ်ကြိမ်ပဲမြင်ဖူးတယ်။Young က မျက်ရည်နဲ့ပဲ အရာရာကိုဖြေရှင်းချင်တဲ့ Jennie လို လူတစ်ယောက်မှမဟုတ်တာ။ စနောက်သလို ဆိုလိုက်တဲ့ စကားလေးတစ်ခွန်းက Young လိုလူမျိုးကို မျက်ရည်ကျစေလောက်တဲ့အထိ သက်ရောက်မှုအားကြီးသွားမှန်း Jennie မသိခဲ့ရိုးအမှန်ပင်။ ဖေဖေ့ရဲ့စျာပနပွဲ ပြီးတဲ့နောက်မှာ Jennie လန်ဒန်ကို ပြန်ရဦးမှာဆိုတော့ Young က Jennie ကို လေဆိပ်လိုက်ပို့တယ်။
ထုံးစံအတိုင်း Young ကို သိုင်းဖက်ပြီး လည်တိုင်နားမှာ မျက်နှာကိုအပ်ထားလိုက်တယ်။ အဲ့ဒါက Jennie ကို အားအင်တွေပြည့်သွားသလိုမျိုး ခံစားချက်ကိုပေးတယ်။

"Mini Young လေးရှိရင်ကောင်းမယ်။အိတ်ကပ်ထဲ ထည့်သိမ်းသွားချင်လို့''

"တစ်နှစ်နီးပါးလောက် တူတူနေခဲ့ကြတာဆိုတော့ အခုလို နောက်ထပ်၂နှစ်လောက်ခွဲခွာပြီးနေရတာကို တောင့်ခံနိုင်ပမလား''

"ဘယ်သူလဲ Jen လား Young လား''

"ကျိန်းသေပေါက် ငါပဲပေါ့''

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Where stories live. Discover now