18

999 153 4
                                    

ဒေလီယာတွေဟာ လတ်တလောရွာသွန်းသွားတဲ့မိုးစက်တွေရဲ့ စွတ်စိုမှုကြောင့် ရေစက်မွှားတို့ တင်ကျန်နေကာ လှပနေသည်။

"ကွက်တိပဲနော်''

Young က အငွေ့ထနေတဲ့ ကော်ဖီကိုမှုတ်သောက်နေရင်းမှ Jennie ဖက်ကို ကြည့်လာတယ်။

"ဘာကိုလဲ ''

"Young အပေါ် ထားတဲ့အချစ်တွေကို ဒေလီယာတွေပျိုးသလို ပျိုးရမယ်ဆိုတာလေ။ အခု ဒေလီယာတွေပွင့်တာ သိပ်လှပသလို Young ရဲ့ အချစ်တွေJenအပေါ် သက်ရောက်လာတာကလည်း သိပ်ကို ကြည်နူးရတယ်''

"အင်း''

"မro တတ်လိုက်တာနော် ကိုယ့်ကောင်မလေးက တီတီတာတာပြောနေတာကို ပြန်ဖြေတာ အင်း တဲ့''

ChaeYoung ဒေလီယာပန်းအိုးတွေနား မော်ဒယ်အဖြစ်ထိုင်ပေးနေတဲ့ ဖက်ထုပ်ရဲ့ စူထော်သွားတဲ့ နှုတ်ခမ်းကို ကြည့်မိပြီး သူမမြင်အောင် ပန်းချီဆွဲလက်စ ကင်းဗတ်စနဲ့ ကွယ်လိုက်ကာ ပြုံးလိုက်မိသည်။

"ငါက Romaticist မဟုတ်ဘူးလေ''

"အင်း ဒါပေါ့နော် Jennist တစ်ယောက်ဆိုတော့လည်း......ဒါနဲ့ ဒီမနက်က Young ဆီ မလာခင် Oppa နဲ့တွေ့တယ်''

ရေးခြယ်နေတဲ့ စုတ်တံရဲ့ အရှိန်ဟာ အတန်ငယ်နှေးသွားသည်။

"ဘာပြောဖြစ်ကြသေးလဲ''

"Jisoo က နှုတ်မလုံဘူး Oppa ကို Jen အခုနေတဲ့ နေရာကို ပြောလိုက်ပုံပဲ''

"အခုက ဘယ်မှာနေနေတာလဲ''

"အိမ်ပေါ်ကဆင်းလာတာ ကြာပြီလေ''

"ဟင် အဲ့ဒါကို နည်းနည်းလေးတောင်မပြောဘူး''

"Oppa က Jen ကို အတင်းပြန်ခေါ်နေတယ် ပြီးတော့... ဆောင်းဦးမှာ လက်ထပ်တော့မယ် ဆိုပြီး စီစဥ်နေကြပြီ''

"သြော်''

ChaeYoung အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။

သောက်ရေးထဲ လက်ကချော်သွားသေးတယ်။ ဆေးစက်တွေက မညီမညာဖြစ်ကုန်သည်။

"သတို့သမီး မပါပဲ ဘယ်လိုဆောင်မှာလဲလို့ Jen က မေးတော့ Oppa က တော်တော်လေး အံ့သြသွားတယ် အခုလောက်ထိ အခြေအနေဖြစ်မယ်လို့ သူ မထင်ထားဘူးလေ''

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Where stories live. Discover now