1

4.3K 229 4
                                    

(Jenny -တစ်နေ့တော့ပြန်တွေ့ကြမှာပါဆိုတဲ့ မသေချာတဲ့မျှော်လင့်ချက်ခပ်နွမ်းနွမ်းနဲ့ ကိုယ့်ကိုယ်ကိုယ်ချွေးသိပ်တယ်။ စိတ်အာရုံခံစားမှုအသိထဲက သူ့ပုံရိပ်တွေဟာ တဖြည်းဖြည်းနဲ့ ဝေဝါးဖျော့တော့လာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသထွက်မိလေရဲ့။ ဘာလို့များ သူ့ရဲ့ပုံသဏ္ဍာန်ကိုတောင် သေချာမတည်ဆောက်နိုင်ရတာလဲလို့ မှတ်ဥာဏ်တွေကို အပြစ်တင်မိပြန်တယ်။ မသိစိတ်ထဲမှာတော့ ကိုယ်ဟာ သူ့ကို သေလောက်အောင်စွဲလန်းနေကြောင်း အိပ်မက်တွေက သတိပေးရှာတယ်။ ဒီလိုနဲ့ ကိုယ့်ရဲ့အိပ်မက်တွေမှာ ကြည်လင်ပြတ်သားတဲ့ သူ့ရဲ့ ပုံရိပ်တွေကို ပြန်ရှာတွေ့ခဲ့တယ်။ နိုးထလာတဲ့အခါမှာတော့ ကိုယ်ပြန်ရခဲ့တာဟာ မျက်ရည်တွေရယ် ရင်ဘတ်ထဲက စူးရှရှ နာကျင်မှုရယ်ပေါ့။)

"သူရေးထားတဲ့ အဓိပ္ပါယ်အရဆို Jenny ဟာ Park ကို သူ့ရဲ့သိစိတ်ကနေ အတင်းဖျောက်ဖျက်ပစ်ချင်နေတာပေါ့''

"ငါ့အထင်ကတော့ သူတို့ဝေးကွာခဲ့တာ နှစ်အတော်ကြာခဲ့ပြီမို့လို့ပဲ အချိန်ကြာသွားရင် ပုံရိပ်တွေက ပျက်ပြယ်ကြတာပဲလေ ဓာတ်ပုံတွေတောင် ရိုက်ကူးထားတဲ့ အချိန်ကာလ ကြာသွားတဲ့အခါ ဆေးသားတွေ ပြယ်လွင့်သွားကြတာပဲမလား''

"ဒီထဲက Jenny ရဲ့ Character က နင်နဲ့ နည်းနည်းတူတယ်နော် နာမည်တောင် တူနေတာ Jennie ရ Park လို ယောကျ်ားမျိုးနဲ့တွေ့ချင်တွေ့နေမှာ''

"တော်ပါ Park လို သူ့အတွက်ပဲ သူကြည့်တဲ့ ယောကျ်ားမျိုးနဲ့မတွေ့ချင်ပါဘူး Park က သိပ်အတ္တကြီးလွန်းတယ်''

(Park
ကိုယ်တို့ ရေစက်အဆုံးသတ်ကြရအောင် Jenny
ကိုယ်မင်းကို မချစ်ဘူးလို့မထင်လိုက်ပါလေနဲ့။မင်းကကိုယ့်ကို စိတ်ညစ်စေတယ်လို့လည်းမထင်လိုက်နဲ့နော်။ ဒါပေမဲ့လည်း ကိုယ်ပျော်ရွှင်နေတာမျိုး မဟုတ်ပြန်ဘူး ။ ကိုယ့်ဒုက္ခကို ကြည့်မြင်လာရင်းနဲ့ မင်းကို ထိခိုက်စေသွားမလားဆိုတဲ့ စိတ်ဟာ ကိုယ့်ကို တမြေ့မြေ့နဲ့သတ်နေပါတယ်။ ကိုယ်ဟာ ဒဏ်ရာရနေတဲ့ ကျားနာတစ်ကောင်လည်းဖြစ်နေပြန်သေးတယ်။ ကိုယ့်လို ဒုက္ခိတ တစ်ယောက်ကို မင်းက အပြစ်မမြင်ပဲချစ်ပေးနိုင်ပေမဲ့ ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်တဲ့စိတ်ကို ဖျောက်ဖျက်ရတာ သိပ်ကိုပင်ပန်းလွန်းပါတယ်။ မင်းနားလည်ချင်မှလည်း နားလည်မယ်၊ နားမလည်နိုင်ဘူး လည်း ဖြစ်နေမယ်။ ဒါပေမဲ့ ကိုယ်မင်းအနားကနေ ထွက်သွားမှ ဖြစ်မယ် Jenny ။ ကိုယ်တို့ လမ်းခွဲရအောင်ပါ။)

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Where stories live. Discover now