"Daebak! Daebak! "
စာမေးပွဲခန်းထဲက ထွက်ထွက်ချင်း Jisooက သူ့အိတ်ထဲက ဖုန်းကို ဖွင့်ကြည့်ကာအော်နေတာမို့ ဖြေထားပြီးသားစာတွေပြန်စဥ်းစားနေသော Jennieပင်လန့်သွားလေသည်။
"ဘာဖြစ်တာလဲ''
"ဒီမှာလေ''
"Trilogy Hidden Part''
"အင်းဆို''
"Choi တဲ့ စိတ်ကူးယဥ်ပြီးရေးထားတာလား''
"ဘယ်ကသာ ဒီpost ကို တင်ထားသူက Trilogy စာအုပ်ထုတ်ဝေသူဟ''
Jennie စာကိုအစအဆုံးဖတ်ကြည့်လိုက်ကာ postအောက်က comments တွေပါ လိုက်ဖတ်ကြည့်လိုက်လေသည်။
~Park က Gay နေလို့ Jenny နဲ့ လမ်းခွဲလိုက်တာထင်တယ် kekeke
~Extra လား Rosellita က ပို့ပေးတာလား
~ Trilogy ဆိုတော့ နောက်တစ်အုပ်ထပ်ထွက်ဖို့ Hint ပေးတာထင်တယ်
~Choi က ယောကျ်ားလေးပဲဖြစ်လိမ့်မယ်။ အနံ့တစ်ခုခုတော့ရနေပြီ။
~LoL! BL?
~ Rosellita ပဲ ကြောင်နေတာလား။ စာအုပ်ထုတ်ဝေသူကပဲ attention ရှာနေတာလား။
...........
"နင်ဘယ်လိုထင်လဲ BL လား''
"မပြောတတ်ဘူး ဒါပေမဲ့ Park က Jenny နဲ့ လမ်းခွဲလိုက်တာ ဒါကြောင့်လို့တော့မထင်ဘူး''
"နင် ဟိုတစ်ယောက်ဆီပိတ်ရက်တုန်းက သွားဖြစ်သေးလား''
"ဟင့်အင်း စာကျက်ရမှာတွေရှိနေလို့ မသွားဖြစ်ဘူး။ ပြီးတော့ သူကလည်း ငါ့ကို တွေ့ချင်စိတ်ရှိမယ်မထင်သေးလို့။''
"အဲ့ဒီတစ်ယောက်က အပြင်မှာဘယ်လိုပုံစံလဲ''
"တော်တော်ကလေး ပိန်တယ်''
"နင်သူ့ကိုစေတနာတွေပိုသလိုပဲနော်''
"သူကငါ့ရဲ့ ပထမဆုံး လူနာဖြစ်လာမှာမို့ထင်ပါတယ်''
"အင်းပေါ့ အဆင်ပြေသွားတော့လည်း ကောင်းပါတယ် နင်ဘာဆက်လုပ်မှာလဲ Result မထွက်ခင်မှာ''
"ဖေဖေ့ရဲ့ Bakery ဆိုင်မှာ နံနက်ပိုင်း ဝင်ကူပေးရင်း ကျန်တဲ့အချိန် ရနံ့တွေအကြောင်း အသေးစိတ်လေ့လာတော့မလားလို့''
YOU ARE READING
𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮
Fanfictionချစ်ခြင်းတစ်ခုရဲ့ အစနဲ့ အဆုံးထက် ချစ်နေတဲ့ ကာလကိုပဲ ပိုသဘောကျမိတယ်။ ပြဇာတ်တစ်ပုဒ်ရဲ့ Beginning , middle, end ကိုယ့်ရဲ့ ရွေးချယ်မှုက ဘာဖြစ်မယ်လို့ထင်လဲ။ [April/19/2022....... May/22/2022]