ဆိုင်ထဲကိုခြေချလိုက်တာနဲ့ ပထမဆုံးရလာတဲ့ရနံ့
လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ပေါင်မုန့်တွေရဲ့ မွှေးမြတဲ့အနံ့က နံနက်စာမစားရသေးတဲ့ Jennie အစာအိမ်ကို တံခါးလာခေါက်လေသည်။"အို Jen လေးပါလား''
Kitchen ထဲကနေ ပူပူနွေးနွေးဖုတ်ထားပြီးသား Baguette ပေါင်မုန့်တွေကို ဗန်းတစ်ချပ်နဲ့သယ်လာတဲ့ အန်တီDaisy က သူမကို မြင်တော့ ပြုံးရွှင်သွားလေသည်။
"အန်တီDaisy''
Jennie က ချွဲနွဲ့နွဲ့ခေါ်လိုက်တော့ အန်တီDaisy က သဘောတကျရယ်မောလေသည်။
"နံနက်စာစားပြီးပြီလား''
"မစားရသေးဘူး''
"ဒီမှာ အခုလေးတင်ပဲ ဖို ထဲကနေ ထွက်လာတဲ့ သမီးအချစ်ကလေးတွေ''
အပြင်ဖက်ကြွပ်ရွရွ အတွင်းသားနူးအိတဲ့ ရှည်မျောမျော ပြင်သစ်ပေါင်မုန့်လိုမျိုး Baguette ပေါင်မုန့်ဟာ Jennie အကြိုက်ဆုံးပေါင်မုန့်ပဲ။
"ဗိုက်ဆာနေတာနဲ့အတော်ပဲ''
"အန်တီ နွားနို့သွားထည့်ပေးမယ်''
"Jen ကို ဗန်းပေး Jen နေရာတကျသွားစီထားလိုက်မယ်''
"Okok''
Baguette နဲ့ Cheese
မြေအောက်ရထားစီးရင်း စားလို့ကောင်းတာ ပျားရည်နဲ့အုတ်ဂျုံပေါင်မုန့်။
ရိုင်းဂျုံပေါင်မုန့်နဲ့ ဗော့ကာလေးတစ်ခွက်။
ဒိုးနတ်ပုံစံBagelပေါင်မုန့်လေးနဲ့ ပနံသင့်တာက ကော့တေး။
အချိုပွဲအတွက် အသင့်တော်ဆုံးက Waffle ပေါင်မုန့်။ဒါကတော့ အန်တီဒေစီ ညွှန်းဆိုထားတဲ့ ဆိုင်တွင်းရနိုင်တဲ့ပေါင်မုန့်တွေရဲ့ ပါတနာပေါ့။ ဒါပေမဲ့ Jennie တို့ဆိုင်မှာတော့ ပေါင်မုန့်တစ်မျိုးတည်းသာ ရောင်းချလေသည်။
"ဆိုတော့ Jen လေးက အချိန်ပိုင်းလာဆင်းတာပေါ့''
"ဟုတ်တယ် ပေါင်မုန့်တွေကို ခဏလာချစ်တာလေ''
"ခဏဆိုရင်တော့ အန်တီကတော့ အလိုမရှိပေါင်''
"Jen က အပင်တွေကိုပဲ စွဲစွဲမြဲမြဲချစ်နေတာ ၊ ပေါင်မုန့် တွေကတော့ ဒုတိယပေါ့''
"အမေတူသမီးလေး မေမေရော နေကောင်းရဲ့လား''
"ဟုတ်ကောင်းတယ် တစ်နေ့ကတော့ ဖေဖေနဲ့ရန်ဖြစ်ကြတယ်။ ကွာရှင်းတော့မယ်ပြောနေတာကြားတယ်''

VOCÊ ESTÁ LENDO
𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮
Fanficချစ်ခြင်းတစ်ခုရဲ့ အစနဲ့ အဆုံးထက် ချစ်နေတဲ့ ကာလကိုပဲ ပိုသဘောကျမိတယ်။ ပြဇာတ်တစ်ပုဒ်ရဲ့ Beginning , middle, end ကိုယ့်ရဲ့ ရွေးချယ်မှုက ဘာဖြစ်မယ်လို့ထင်လဲ။ [April/19/2022....... May/22/2022]