Final

1.9K 202 17
                                    

"နာမည်က Kim Jisoo ဟုတ်တယ်ဟုတ်''

"ဟုတ်''

"နှလုံးခုန်မြန်တယ်ဆိုတာက နှလုံးရဲ့ workload များလွန်းနေတာကြောင့်ပေါ့။ workload များရတဲ့ အကြောင်းအရင်းတွေကလည်း ဆေးပညာမှာ အများကြီးရှိတယ်။ ပြောရရင် သွေးအားနည်းရောဂါတို့ သိုင်းရွိုက် ဟော်မုန်းများနေတာလို့ တခြားနှလုံးနဲ့ပတ်သတ်တဲ့ရောဂါတွေလည်းအများကြီးပဲ။ အဲ့တော့ မင်းကို ECG ဆွဲကြည့်ရမယ်။ အရင်ဆုံး နားကြပ်နဲ့ထောက်ပြီး​တော့ နှလုံးရဲ့စည်းချက်မှန်မမှန် ၊ အဆို့ရှင်မလုံလို့ ဖြစ်ရတဲ့ တခြားအပိုအသံတွေပါမပါ နားထောင်ကြည့်ရမယ်''

"ECG ဆွဲရင် အပေါ်အင်္ကျီက ချွတ်ရမှာလား''

"ဒါပေါ့ နဖူးပေါ် electrode တင်ထားလို့မှမရတာ''

"တခြားဆရာဝန်နဲ့ပြလို့ရလား''

"အကြောင်းပြချက်က''

"နှလုံးခုန်နှုန်း​​မြန်လို့ လာပြပါတယ်ဆို ကျွန်မကို နှလုံးခုန်နှုန်းပိုမြန်စေတဲ့ လူက ကုမယ်ဆို ရောဂါအမှန် ဘယ်လိုလုပ်သိနိုင်တော့မှာလဲ''

နားကြပ်ကိုင်ထားရင်း စမ်းသပ်ဖို့ကြိုးစားနေတဲ့ Lisa တစ်ယောက် ဘာလုပ်ရမှန်းမသိတော့။ ECG ဆွဲပေးဖို့ပြင်နေတဲ့ Nurse ကလည်း ပြုံးစေ့စေ့ ဖြစ်နေလေသည်။ ဒီရက်တွေမှာ တော်တော်စန်းပွင့်နေတာပဲ။ ChaeYoung ကို ဓာတ်မှန်ရိုက်ပေးနေကြ အစ်မ Minnie ကလည်း Lisa ကို တလောကတင် ဖွင့်ပြောထားသေးသည်လေ။

"အာ ဟုတ်ပြီ လောလောဆယ်တော့ တို့က တာဝန်ကျ ဆရာဝန်ဖြစ်နေတယ်လေ နောက်တော့မှ refer လွှဲဖို့လိုအပ်လာရင် မင်း နောက်ဆရာဝန်နဲ့ ပြလို့ရပါတယ်။ ECG ဆွဲတာက မင်းပြောတာနဲ့မဆိုင်ပါဘူး။ ဟုတ်ပြီလား''

"တော်ပြီ ကျွန်မ တခြားနေရာမှာပဲ ECG သွားဆွဲတော့မယ်''

"တို့အပြင်ထွက်ပေးမယ်
တကယ်ပါပဲနော်။ သူ့ECG အဖြေထွက်ရင် ကျွန်မ ရုံးခန်းကို စာရွက်နဲ့အတူ သူ့ကိုပါလာခိုင်းလိုက်''

Nurse ကို မှာသင့်တာမှာပြီး အခန်းထဲကနေ ထွက်လာလိုက်လေသည်။

ရုံးခန်းထဲရောက်တော့ သူမစားပွဲပေါ်ကို ခြေထောက်တင်ထားရင်း လေချွန်နေတဲ့ ChaeYoung ကို တွေ့လိုက်ရလေသည်။

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Where stories live. Discover now