"ဘာတွေများ အရေးကြီးနေလို့ ဒေစီ့ကားကို ကရှူးမူးထိုး မောင်းသွားရတာလဲ''
ဖြေရှင်းချက်ဘယ်လိုပေးရမလဲဆိုတာ Jennie မစဥ်းစားတတ်။ အခုကိစ္စကလည်း ကသောင်းကနင်းနိုင်သွားတာမို့ ဘယ်လိုလိမ်ရမလဲဆိုတာ မတွေးတတ်ဖြစ်နေသည်။ အပြန်လမ်းမှာလည်း ထိုကိစ္စကို ဖြေရှင်းရမှာထက် Young ရဲ့အကြောင်းပဲ ခေါင်းထဲရောက်နေခဲ့လို့ပင်။
"ကိုယ်ရေးကိုယ်တာ ကိစ္စပါ ဖေဖေ''
"ဘယ်လိုကိုယ်ရေးကိုယ်တာ ကိစ္စလဲ''
"Jen တစ်ယောက်တည်းနဲ့ ပတ်သတ်တဲ့ကိစ္စပါ''
"အန္တရာယ်များတဲ့ အရှိန်နဲ့မောင်းသွားတာ ဘာအကြောင်းကိစ္စလဲ မသိရအောင်ထိ ဖေဖေက အရေးမပါဘူးပေါ့''
"ဒါက မတူညီတဲ့ အကြောင်းအရာမို့လို့ပါ''
"Khonsa ကြောင့်လား''
"မဟုတ်ဘူး ဖေဖေ''
"ဒါဆို ဘာကြောင့်လဲ''
"ဖေဖေက ဘာလို့ Jen ကို တရားခံစစ်သလိုစစ်နေတာလဲ Jen မှာလည်း ပြောမပြနိုင်တဲ့ Privacy ဆိုတာ ရှိတာပဲ။ ဖေဖေက အရာအားလုံးကိုသိချင်လွန်းတယ်။ ပြီးတော့ Jen က ၁၃နှစ်မဟုတ်ပဲ ၂၃နှစ် ဖြစ်နေပြီ။ အနောက်နိုင်ငံတွေမှာဆို ၁၈နှစ်ကတည်းက မိဘတွေက သားသမီးကိစ္စကို ဝင်မစွတ်ဖက်ကြတော့ဘူး''
"ဖေဖေတို့က အခုအနောက်နိုင်ငံမှာနေနေတာမှ မဟုတ်တာ Jennie နောက်ပြီး သူတို့က ဝင်မစွတ်ဖက်သလို သူတို့သားသမီးကျောင်းစရိတ်ကိုလည်း ဝင်ပြီးမထောက်ပံ့ပေးကြဘူး''
"ဒါဆို ဖေဖေက ကိုယ့်သမီး ကျောင်းစရိတ်ကိုပါ မြင်လာတဲ့သဘောပေါ့ Jen အချိန်ပိုင်းအလုပ်လုပ်မယ်ဆိုတော့ရော ဖေဖေကခွင့်ပြုခဲ့လို့လား။ အရာအားလုံးကို ရှေ့ကနေ ကာဆီးကာဆီး လုပ်နေတာမဟုတ်ဘူးလား။''
"Jennie Kim!! "
"အမြဲတမ်း ဖေဖေ့ စိတ်တိုင်းကျပဲ၊ ဖေဖေ့လိုဘ ပြည့်ဖို့ပဲ ၊ တစ်ပါးသူရဲ့ စိတ်ခံစားချက်က ဖေဖေ့အလိုကျမှုတွေလောက် အရေးမပါဘူး။ ဖိနှိပ်မယ် ၊ ချုပ်ချယ်မယ် ၊ မေမေ့ကို အလိုမကျတော့ Jen ကို ဖေဖေ့စိတ်တိုင်းကျ ပုံသွင်းချင်တယ်။ မေမေ့ကိုလည်း ဖေဖေ အတင်းသိမ်းပိုက်ခဲ့တာပဲဖြစ်ရမယ်''

ESTÁS LEYENDO
𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮
Fanficချစ်ခြင်းတစ်ခုရဲ့ အစနဲ့ အဆုံးထက် ချစ်နေတဲ့ ကာလကိုပဲ ပိုသဘောကျမိတယ်။ ပြဇာတ်တစ်ပုဒ်ရဲ့ Beginning , middle, end ကိုယ့်ရဲ့ ရွေးချယ်မှုက ဘာဖြစ်မယ်လို့ထင်လဲ။ [April/19/2022....... May/22/2022]