7

1K 162 6
                                    

/ Ashley - Hi ငါ့နာမည်က Ashley Choi ဘာလို့ငိုနေတာလဲ။

ChaeYoung - ငါ့အစ်မက ပြဿနာရှာလို့ ဒီနေ့မိဘတွေတွေ့ဆုံပွဲကို မလာတော့ဘူးတဲ့။

Ashley - နင်နဲ့ငါ မိဘအတူတူလုပ်ကြတာပေါ့။ နင့်မိဘတွေက ဒယ်ဒီ့ကို ကိုယ်စားလွှတ်လိုက်တယ်လို့ ပြောလိုက်မယ်လေ။ ရော့ ချိုချဥ်စားလိုက်။ ကလေးတွေ ငိုရင် ဆေးသကြားလုံးစားပေးရတယ်လို့ ဒယ်ဒီက ​​ပြောတယ်။ မျက်ရည်တွေကြောင့် ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေကို ဆေးသကြားလုံးက ပြန်ဖြည့်ပေးတယ်တဲ့ ။ အော်ရိုရာ မင်းသမီးလေး ပြန်နိုးလာတာ ဒီဆေးသကြားလုံးကြောင့်လေ။

ChaeYoung - ဟင်မဟုတ်ပါဘူး။ မင်းသားလေး ဖီးလစ် နမ်းလိုက်လို့ပါ။

Ashley - နင်မသိလို့နေမယ်။ ဖီးလစ်က အဲ့အချိန်က ဆေးသကြားလုံးငုံထားတယ်ဟ။

ChaeYoung - ဟုတ်လား။ နောက်တစ်ခေါက် ပြန်ကြည့်ဦးမှပဲ။ ငါ့နာမည်က Park ChaeYoung ။

Ashley - ငါတို့ သူငယ်ချင်းဖြစ်သွားပြီနော်။ /

/ ChaeYoung - wow! နင့်အခန်းကအကျယ်ကြီးပဲ။ ငါလည်း ကိုယ်ပိုင်အခန်းရှိရင်ကောင်းမယ်။ အခုထိ မေမေတို့နဲ့ အခန်းတူတူသုံးရတယ်။ အဲ့ဒီ Alice ကျတော့ အခန်းကျယ်ကြီးနဲ့နေရတယ်။ ငါ့အစ်မကို လုံးဝကြည့်မရဘူး။

Ashley - နင်က လူကြီးမှ မဖြစ်သေးတာ။ အသက်ကြီးလာရင် ကိုယ်ပိုင်အခန်းနဲ့နေရမှာပေါ့။ ငါတို့ကျတော့ ဒယ်ဒီနဲ့ ငါပဲရှိတာကို။ နင်နေချင်ရင် ငါနဲ့လာနေပေါ့။

ChaeYoung - မေမေတို့က ခွင့်ပြုမယ်မထင်ပါဘူး။ Alice က ထိပ်ဆုံးက ကန့်ကွက်မှာ။ ငါ့ကို သူ့အိမ်ဖော်မှတ်နေလားမသိပါဘူး။ ခိုင်းဖို့ပဲသိတယ်။

Ashley - နင့်မိဘတွေက ဘာမှမပြောဘူးလား။

ChaeYoung - သူ့အသက် ၁၈နှစ်တုန်းကလိုမျိုး သူ့ကို နောက်တစ်ခေါက် ဆုံးရှုံးလိုက်ရတာထက်စာရင် အခုလိုအသက်ရှင်နေတာနဲ့တင် အဆင်ပြေပြီတဲ့။

Ashley - အဲ့တုန်းက သူက ဘာဖြစ်ခဲ့လို့လဲ။

ChaeYoung - ငါလည်းသေချာမသိဘူး အဲ့တုန်းက ငါ၆နှစ်ပဲရှိသေးတာလေ။ /

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮حيث تعيش القصص. اكتشف الآن