5

1.1K 159 4
                                    

"ရနံ့ကုထုံးမှာသုံးတဲ့ဖယောင်းတိုင်တွေ(Aroma Candle) ကို ကျွန်မတို့က အပင်တွေ ၊ သစ်သီးတွေ ၊ ပန်းပွင့်တွေ ၊ ဆေးဖက်ဝင်အပင်တွေကနေ ထုတ်လုပ်ရရှိတဲ့ essential oil တွေနဲ့ ပြုလုပ်တဲ့အတွက်ကြောင့် Aroma Candles တွေဟာ သင်းပျံ့တဲ့ရနံ့ကိုပေးစွမ်းတဲ့အပြင် ရနံ့ကုထုံးဂုဏ်သတ္တိတွေလည်း ရှိကြတယ်။ Aroma Candle တွေရယ် တခြားအနံ့ပါတဲ့ Candle တွေက ဆင်သယောင်ရှိပေမဲ့ သူတို့ကြားမှာ ကွာခြားချက်တစ်ခုရှိတယ်။ Aroma Candle တွေက အသုံးပြုတဲ့ Essential Oil ပေါ်မူတည်ပြီး မတူညီတဲ့ အစွမ်းတွေရှိကြတယ်။ Essential Oilတွေရဲ့ ရနံ့တွေဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးခြင်း၊ စိတ်ဖိစီးမှုများကို ပြေလျော့စေခြင်း၊ အာရုံစူးစိုက်မှုကို ကောင်းမွန်စေခြင်း၊ အိပ်ပျော်ခြင်းကို လှုံ့ဆော်ပေးခြင်း  စတဲ့ စွမ်းရည်တွေရှိကြတယ်။ ခေတ်သစ် သိပ္ပံဆေးပညာဟာ ဘုရားသခင်ကိုတောင် ကျော်လွန်နိုင်တဲ့အင်အားတစ်ခုရှိတယ်လို့ဆိုကြပေမဲ့ ကျွန်မတို့အနေနဲ့ နေ့စဥ်ဘဝမှာ ကြုံတွေ့ရတဲ့ ကိစ္စအသေးအမွှားတွေ ၊ စိတ်ဖိစီးမှုတွေအတွက်တော့ ဆေးရုံဆေးခန်းကို တော်ရုံလူတွေက မသွားကြဘူးလေ။ သေးငယ်တဲ့အစွမ်းဖြစ်စေဦးတော့ ကြီးမားတဲ့အကျိုးသက်ရောက်မှုက တစ်ခါတစ်ရံ ရှိတတ်တာပဲမလား။ ကျွန်မကတော့ ရနံ့တွေရဲ့ မမြင်ရတဲ့အစွမ်းကို ယုံကြည်တဲ့အတွက်ကြောင့် ဒီပညာရပ်ကိုလေ့လာလိုက်စားခဲ့တယ်။ ကျွန်မက Candle ပြုလုပ်သူတစ်ယောက်ဖြစ်တာမို့ တကယ့် ကုထုံးပညာရှင်တွေလို အသေးစိတ်နားမလည်ပေမဲ့ Candle တွေကလည်း ဒီကုထုံးရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အကျိုးသက်ရောက်မှုရှိနေတဲ့အတွက် ကျွန်မက ဒီသင်တန်းကို ဖွင့်လှစ်ထားခြင်းပဲ ဖြစ်ပါတယ်''

Jennie ဆရာမ ပြောတာကို ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ထောက်ခံကြောင်းကိုပြသလိုက်သည်။ သူမ ဒီသင်တန်းကို တက်ရောက်ဖို့အတွက် မေမေ့ကို ချွဲရသေးသည်။ ဖေဖေ့ကိုတော့ မပြောဖြစ်တော့။ သူမကို ဟိုမေးဒီမေး လုပ်နေမှာက အာရုံနောက်ဖို့ကောင်းလှသည်မို့ပင်။ မေမေကတော့ သူမ ဘာလုပ်လုပ် အမြဲတမ်း ထောက်ခံအားပေးသူ။ ပြောရရင် သူမရဲ့ အမာခံပရိတ်သတ်တစ်ယောက်လိုပေါ့။

𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮Tempat cerita menjadi hidup. Temukan sekarang