"မင်္ဂလာပွဲကတော့ ပျက်သွားပြီ''
"Oh! Congratulation! "
"နင်ငါ့ကိုမျက်နှာမပူဘူးလား''
"ငါနင့်ရည်းစားကို ဖြတ်လုထားတာမဟုတ်ဘူးလေ''
"ဟ! အားမနာတမ်းပြောတာပဲ''
"လူတစ်ယောက်ကိုအားနာပြတာက စိတ်ထားကောင်းတယ်ဆိုပြီး ဟန်ဆောင်ပြနေတာပဲလေ''
"ဟိုတစ်ခေါက်က ပြောသွားတော့ ငါရောငါ့အစ်ကို ကိုရော အားနာတယ်ဆို။ အဲ့တုန်းက ဟန်ဆောင်ပြတာပေါ့''
"အင်း ဆိုပါတော့။ စိတ်ထားကောင်းခြင်းအနုပညာလေ''
"နင်စိတ်ထားမကောင်းမှန်းငါသိတယ်။ ပြီးတော့ နင့်အကြောင်းကိုလည်း ငါတော်တော်များများသိတာမို့ နင့်ဖက်က Jennie ကို စချစ်တာ ဘယ်လိုမှမဖြစ်နိုင်ဘူး''
"မဖြစ်နိုင်ဘူးဆိုလည်း မဖြစ်နိုင်ဘူးပေါ့''
ဆေးရုံရဲ့ Cafeteria မှာ နေ့လည်စာ နောက်ကျမှစားဖြစ်သော ဆရာဝန်နဲ့သူနာပြုတချို့သာရှိလေသည်။
ChaeYoung က ဒီဆေးရုံက Cafeရဲ့ ကော်ဖီအရသာကို ကြိုက်နှစ်သက်တာမို့ ဆေးရုံကိုလာဖြစ်တိုင်းမှာ တစ်ခွက်လောက်သောက်လိုက်ရမှ ကျေနပ်သူဖြစ်လေသည်။"နေ့လည်စာကို ၂နာရီကျော်မှစားဖြစ်တော့ ညစာကိုရော ဘယ်အချိန်မှစားလဲ''
"တစ်ခါတလေ ည၉နာရီလောက်ပေါ့။ OT Caseရှိရင်တော့ လွတ်သွားတာများတယ်။ ဒါနဲ့နင်ဘာဆက်လုပ်ဖို့စဥ်းစားထားလဲ''
"အသက်ဆက်ရှင်နေဖို့စဥ်းစားထားတယ်''
"တော်သေးတာပေါ့။ Khonsa နဲ့ တွေ့ဦးမလား''
"ဒါဆိုရင် တော်တော်မျက်နှာပြောင်တိုက်တာကျသွားပြီ''
"Jennie ကတော့ ငါနဲ့မတွေ့တာ သူ့အတွက်ပိုကောင်းမယ်ထင်တယ်။ နင့်ဆီတော့ အရင်ကထက်အလာ ပိုကြဲသွားလိမ့်မယ်။ ပြန်ရင် အကိုက်အခဲပျောက်ဆေးပေးလိုက်မယ်''
"ငါမလိုတော့ဘူး ငါ့မှာ Painkiller ရှိနေပြီလေ''
"ကောင်မလေးရသွားတော့ အကိုက်အခဲပျောက်ဆေးတွေတောင်ဂျောင်ထိုးခံလိုက်ရပြီ။ သနားစရာ ငါ့ရဲ့ ဆေးလုံးလေးတွေ''
![](https://img.wattpad.com/cover/308217219-288-k358333.jpg)
YOU ARE READING
𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮
Fanfictionချစ်ခြင်းတစ်ခုရဲ့ အစနဲ့ အဆုံးထက် ချစ်နေတဲ့ ကာလကိုပဲ ပိုသဘောကျမိတယ်။ ပြဇာတ်တစ်ပုဒ်ရဲ့ Beginning , middle, end ကိုယ့်ရဲ့ ရွေးချယ်မှုက ဘာဖြစ်မယ်လို့ထင်လဲ။ [April/19/2022....... May/22/2022]