"Doctor နဲ့ သူက ဟိုးငယ်ငယ်လေးကတည်းက ခင်တာလား''
Doctor ဆေးခန်း လူနာရှင်းနေချိန်မို့ နှစ်ယောက်သားစကားထိုင်ပြောဖြစ်နေကြသည်။
"Nope! Uni ရောက်မှ ခင်တာ''
"Doctor တို့က Uni တူလို့လား''
"ChaeYoung က Med School ကို Final ထိ တက်ခဲ့ဖူးတယ် accident ဖြစ်ပြီးနောက်တော့မှ ဆက်မတက်တော့ပဲ ထွက်သွားတာ''
"သူ့ခြေထောက်က ဘယ်လိုစဖြစ်သွားခဲ့တာလဲဟင်''
"ကျောင်းကအပြန် သူစီးလာတဲ့ Bus ကို ကုန်တင်ကားတစ်စီးကတိုက်မိတာ။ အင်း တော်တော်လေးဆိုးတာပေါ့။ ကားပေါ်က ခရီးသည်တွေထဲ သူတစ်ယောက်တည်း အသက်ရှင်ကျန်သူလေ။ ကံကောင်းလိုက်တာနော် ဆိုပြီး အားပေးရအောင်လည်း လူတစ်ဦးချင်းစီရဲ့ ဆုံးရှုံးမှုကို သင်္ချာတွက်သလိုမျိုး တွက်ချက်နေလို့မှမရတာ''
Doctor စားပွဲပေါ်က ဓာတ်ပုံမှန်ဘောင်ကို Jennie ယူကြည့်လိုက်သည်။
"ဒါ Doctor တို့ ဘယ်အရွယ်လောက်က ရိုက်ထားကြတာလဲ''
"လွန်ခဲ့တဲ့ ၈နှစ်လောက်ကပေါ့ အဲ့အချိန်က Ashley လည်း ရှိသေးတယ်''
"Ashley? သူကဘယ်သူလဲ''
Doctor က ChaeYoung ရဲ့ ညာဖက်နားမှာ ရပ်ရင်း ChaeYoung ခါးကို ဖက်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံကိုထောက်ပြသည်။
"သူပေါ့ သူမရှိတော့ကတည်းက ChaeYoung က မှိုင်ထွေထွေဖြစ်သွားခဲ့တာ Accident ပါဖြစ်သွားတော့ တင်းလွန်းအားကြီးတဲ့ ပူဖောင်းက ရုတ်တရက် ပေါက်ထွက်ပြီး တစ်စစီ ဖြစ်သွားသလိုမျိုးပဲ ChaeYoung ရဲ့ စိတ်တွေကလည်း အပိုင်းအစတွေအဖြစ် ပြန့်ကြဲသွားကုန်တာ''
"Ashley က ဘာဖြစ်လို့ မရှိတော့တာလဲ''
"Suicide''
"Oh!''
"တို့ နဲ့ Ashley က သိပ်ပြီးတော့ မရင်းနှီးဘူးလေ ကမ်းခြေကို ကျောင်းက အဖွဲ့လိုက် ခရီးစုထွက်ကြတော့ ChaeYoung က Ashley ကိုပါ ခေါ်လာတာ အဲ့ဒီမှာ စသိခဲ့တာဆိုပါတော့။ ဒါပေမဲ့ Uni ကလည်း မတူဆိုတော့ တို့ နဲ့ Ashley က တစ်ယောက်ကိုတစ်ယောက် သိတယ်ဆိုရုံလောက်ပဲရှိတာ''
"သူက တကယ်ပဲ ပျော်ပျော်နေတတ်တာလား''
"ပြောရရင် ပျော်ပျော်နေတတ်တယ်ဆိုတာထက် နူးနူးညံ့ညံ့လေး ကို ပြောရင်ပိုမှန်မလားပဲ။ ပန်းလေးတစ်ပွင့်အလားလေ။ မိန်းကလေးလည်းဆန်တယ်။ တို့ တောင် Uni တုန်းက သူ့လောက်မိန်းကလေးမဆန်ဘူး။ အခုကျတော့ ဘယ်လိုပြောရတော့မလဲ။ ပန်းတော့ပန်းပဲကွာ ဒါပေမဲ့ လူတွေ ဝေးဝေးရှောင်သလိုမျိုးလေ''

YOU ARE READING
𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮
Fanfictionချစ်ခြင်းတစ်ခုရဲ့ အစနဲ့ အဆုံးထက် ချစ်နေတဲ့ ကာလကိုပဲ ပိုသဘောကျမိတယ်။ ပြဇာတ်တစ်ပုဒ်ရဲ့ Beginning , middle, end ကိုယ့်ရဲ့ ရွေးချယ်မှုက ဘာဖြစ်မယ်လို့ထင်လဲ။ [April/19/2022....... May/22/2022]