သည်းထန်စွာ ရွာသွန်းနေတဲ့ မိုးသံတွေကြောင့် Alice ရဲ့ သီချင်း ညည်းသံက ကြားတစ်ချက်၊ မကြားတစ်ချက်။ Alice ဘာသီချင်းဆိုနေမှန်း ChaeYoung မသိပေမဲ့ ChaeYoung သိတာကတော့ သူ့အသံက ChaeYoung လောက် နားဝင်မချို။ တကယ်တော့လည်း Jennieကိုသာ မချစ်သေးခင်အချိန်က လျှောက်ပြောနေတာ ChaeYoung ကမှ Delusion of Grandeur ရနေသူအစစ်ပင်။
"တစ်ယောက်ယောက်အကြောင်းကိုစဥ်းစားရင်း သီချင်းဆိုရတာက ခံစားမှုနှစ်မျိုးကိုပေးစွမ်းတယ်''
"ဟုတ်တယ် ကြည်နူးမှု နဲ့ နာကျင်မှု ၊ ဘယ်သူကမှတော့ သီချင်းဆိုနေရင်းနဲ့ မျက်လုံးမကျချင်ကြပါဘူး''
"ကျတာပေါ့ နင့်မျက်လုံးထဲ သီချင်းဆိုနေရင်း အမှုန်ဖြစ်ဖြစ် ၊ ပိုးကောင်လေးဖြစ်ဖြစ်ဝင်သွားရင် မျက်ရည်ဝဲသွားမှာပဲ Alice ''
"ဆင်ခြေရသွားတာပေါ့ ငိုချင်ရက်လက်တို့ ဆိုသလိုလေ''
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ရင်း ရှေ့က စားပွဲပေါ်ကို ခြေထောက်နှစ်ဖက်လုံးတင်ထားလိုက်တော့ Alice ရဲ့ မျက်စောင်းက ဒိုင်းကနဲရောက်လာသည်။
"အဲ့ဒါ နင့်ခြေထောက်တင်ဖို့မဟုတ်ဘူး ၊ ဧည့်သည့်တွေလာရင် ဧည့်ခံတဲ့စားပွဲ''
"ဘယ်သူက မသိလို့လဲ''
"ရိုင်းလိုက်တာ''
လျှပ်စီးက ဝင်းကနဲလက်သွားတာမို့ ပြင်ပမှ လေတိုက်မှုကြောင့် ယိမ်းခါနေသော သစ်ပင်တွေရဲ့ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ Alice က သူ့ရဲ့ Aroma Candle တွေနဲ့အလုပ်ရှုပ်နေသလို ၊ ChaeYoung ကလည်း ဘာမှမမြင်ရတဲ့ အပြင်ကိုအသက်မဲ့စွာကြည့်ရင်း အတွေးတွေနဲ့ အလုပ်ရှုပ်နေရသည်။ မိုးခြိမ်းသံ ကြောက်ခမန်းလိလိ ထွက်ပေါ်လာတော့ Jennie ကို သတိရသွားသည်။ အတူတူသာရှိနေရင် မိုးခြိမ်းသံကို Jennie လန့်ပြီး ChaeYoung ရင်ခွင်ထဲပဲ တိုးဝင်နေလိမ့်မလား။
ဟူး
ဒီနေ့က သုံးရက်မြောက်နေ့။
Jennie သူမကို အဆက်အသွယ် မလုပ်တာ ၊ ChaeYoung ဖက်က ဖုန်းခေါ်ပေမဲ့လည်း စက်ပိတ်ထားသည်နှင့်သာတိုးလေသည်။သူ့အဖေကို ဆေးရုံထပ်ရောက်အောင် လုပ်လိုက်လို့ ChaeYoung ကို စိတ်ကုန်သွားတာလား။ ဒါမှမဟုတ် သူ့အဖေ မသက်သာသေးလို့များလား။ ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်မှန်း ChaeYoung လည်း မထင်ထားခဲ့။ တကယ်ဆို နည်းနည်းလောက်ပဲဖြစ်ဖြစ် သည်းခံထားလိုက်ရမှာ။

VOUS LISEZ
𝙊𝙪𝙧 𝙏𝙧𝙞𝙡𝙤𝙜𝙮
Fanfictionချစ်ခြင်းတစ်ခုရဲ့ အစနဲ့ အဆုံးထက် ချစ်နေတဲ့ ကာလကိုပဲ ပိုသဘောကျမိတယ်။ ပြဇာတ်တစ်ပုဒ်ရဲ့ Beginning , middle, end ကိုယ့်ရဲ့ ရွေးချယ်မှုက ဘာဖြစ်မယ်လို့ထင်လဲ။ [April/19/2022....... May/22/2022]